address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 4, 2013

"ဘားအံ ဒေသခံ ၂၀၀၀ နီးပါးNLD ကျန်းမာရေးအဖွဲ့ ဆေးကုပေး"

4.11.2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ယက်ဟာ ကရင်ပြည်နယ်၊ ဘားအံမြို့က ဒေသခံ နှစ်ထောင်လောက်ကို ဒီနေ့ ဆေးဝါးကုသပေးခဲ့ပြီး အများစုက ကျန်းမာရေးစရိတ်မတတ်နိုင်လို့ လာရောက်ကုသကြတဲ့သူတွေများတယ်လို့ ကွန်ရက်တာဝန်ရှိသူတွေက ပြောပါတယ်။

ဆေးဝါးလာရောက်ကုသမှုခံယူကြတဲ့ ဒေသခံတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး NLDကျန်းမာရေး ကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက အခုလိုပြောပါတယ်။

ဘားအံမှာ NLD ကျန်းမာရေးကွန်ရက် သွားရောက်ဆေးကုသပေးတဲ့အဖွဲ့ထဲမှာ သားဖွားမီးယပ်၊ ခွဲစိတ်အထူးကု၊ သွားနဲ့ခံတွင်း၊ အထွေထွေရောဂါကုဆရာဝန်တွေ စတဲ့ ကျန်းမာရေး ၀န်ထမ်းပေါင်းလေးဆယ်ကျော် ပါဝင်ကြပြီး ဘားအံမြို့၊ မင်္ဂလာခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လာရောက်ကုသမှုခံယူကြတဲ့လူနာတွေထဲမှာ ခွဲစိတ်ကုသဖို့လိုအပ်တဲ့လူနာတွေပါ ပါဝင်တာကြောင့် အဲဒီလူနာ တွေကို ရန်ကုန်မှာခွဲစိတ်ကုသဖို့ ဆက်လက်စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

NLDကျန်းမာရေးကွန်ရက်က အခုလလယ်ပိုင်းမှာလည်း ပဲခူးတိုင်းအနောက်ပိုင်း၊ပြည်မြို့ဒေသခံတွေကို သွား ရောက်ဆေးဝါးကုသပေးအုံးမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment