address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 4, 2013

INGO နှင့် NGO များ ခွဲခြားဆက်ဆံသည်ဟုဆိုကာ ရခိုင်ဒေသခံများ ကန့်ကွက်



4.11.2013

ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် INGO နှင့် NGO များသည် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုအကြား ခွဲခြားဆက်ဆံသည်ဟုဆိုကာ နိုဝင်ဘာလ ၃ ရက်နေ့က စစ်တွေမြို့ ပြည်သူ့ဆေးရုံဝင်း အတွင်းတွင် မြို့ခံလူထု ၃၀၀ ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြကြောင်း စစ်တွေ ဒေသခံများက ပြောကြားသည်။

နိုဝင်ဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဒဏ်ရာရရှိသည့် ဘင်္ဂါလီများကို INGO တစ်ခုက အမြန်ရေယာဉ်ဖြင့် ခေါ်ဆောင်ကာ စစ်တွေဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း လက်မောင်းတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် ရခိုင်အမျိုးသမီးကို ခေါ်ဆောင်ခြင်း မရှိသဖြင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြကြောင်း အဆိုပါ ဆန္ဒပြသူများထံမှ သိရှိရသည်။

ပေါက်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့မှု၊ INGO နှင့် NGO များက ပေးသည့် ဆေးများကို သောက်သုံး၍ စစ်တွေမြို့ ကျေးတော၊ ဗျိုင်းဖြူရွာ အပါအဝင် ကျေးရွာအချို့တွင် အမျိုးသမီးများ ကိုယ်ဝန်ပျက်ကျမှု၊ INGO နှင့် NGO များက စစ်တွေမြို့ပေါ်ရှိ အိမ်များ၊ ဂိုဒေါင်များကို ငှားရမ်းကာ ဘင်္ဂါလီများနှင့် ပူးပေါင်း၍ အဖျက်လုပ်ငန်းများ လုပ်နေမှုတို့ကို အမြန်ဆုံး ဖြေရှင်းပေးရန် ပြည်သူလူထုကိုယ်စား စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ဦးဓမ္မဓဇက မိန့်ကြားသည်။

စစ်တွေမြို့တွင် မြို့ခံလူထု ၃၀၀ ဝန်းကျင်သည် နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တောင်းဆိုချက်များ ပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ မိနစ်အနည်းငယ်ကြာ တောင်းဆိုခဲ့ကြကြောင်း စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ စစ်တွေမြို့ မြောက်ပိုင်း တာဝန်ခံလည်း ဖြစ်သည့် ဦးဓမ္မဓဇက ဆက်လက်မိန့်ကြားသည်။

INGO နှင့် NGO များကို ကန့်ကွက် ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ မှတ်ချက် မပေးလိုကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေးအရာရှိ ဦးအေးဝင်း က ပြောကြားသည်။

အလားတူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ပေါက်တော မြို့နယ်တွင်လည်း INGO နှင့် NGO များ ဝင်ထွက် သွားလာခြင်းများကို ကန့်ကွက်သည့်အပြင် ဒေသခံ မဟုတ်သည့် INGO နှင့် NGO များကို နှစ်ရက်အတွင်း ထွက်ခွာပေးရန်၊ INGO နှင့် NGO များ၏ အလှူငွေများကို လက်မခံရန် စသည့် အချက် ကိုးချက်ပါ ကြေညာချက် တစ်စောင်ကို နိုဝင်ဘာလ ၃ ရက်နေ့တွင် မြို့လူထုက ထုတ်ပြန်ခဲ့သည်။

်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် INGO နှင့် NGO အဖွဲ့ပေါင်း ၅၀၀ ကျော် ရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ၁၉ ဖွဲ့ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း ဒေသခံလူထုကမှု INGO နှင့် NGO အဖွဲ့ပေါင်း ၈၀ ခန့် ရှိသည်ဟု ပြောဆိုထားသည်။

န်

The Voice Weekly

No comments:

Post a Comment