address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 4, 2013

ဗုဒ္ဓဂယာ ဘုရားဖူးဗီဇာ ပြည်ထဲရေး ဝန်ကြီးဌာနတွင် တိုက်ရိုက်လျှောက် ထားနိုင်ပြီ

4.11.2013

ဗုဒ္ဓဂယာ ဘုရားဖူးများ ဗီဇာလျှောက်ထား မှုကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ် ကြောင်း သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်း ဆင့်က နိုဝင်ဘာ၂ရက်က ထုတ် ဖော်ပြော ကြားလိုက်သည်။

ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ် များကို သွားရောက်ဖူးမြော် မည့် ဘုရားဖူးများသည် သာသနာရေး ဝန်ကြီးဌာန၏ ထောက်ခံချက် လက်မှတ် လျှောက်ထား ရမှုကြောင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေခြင်း ကို ယခုဖြေ လျှော့မှု ဖြင့်လျှော့ ချ ပေးခြင်းဖြစ်ကြောင်း ပြည်ထောင် စုဝန်ကြီးက ပြောသည်။

ယင်းအပြင် ဘုရားဖူးဗီဇာ အတွက် သာသနာရေးဝန်ကြီးဌာန ၏ ထောက်ခံချက် လုပ်ခိုင်းသည့် ဌာနများကို အရေးယူရန် အစီ အစဉ်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်းပြောသည်။

''ဘုရားဖူးသွားမယ့်သူတွေ ကို သာသနာရေး ဝန်ကြီး ဌာနရဲ့ ထောက်ခံချက် လုပ်ခိုင်းတဲ့ဌာနတွေ ကိုလဲ အရေးယူမှာပါ။ ဗုဒ္ဓဂယာ၊ ဆော်ဒီအာရေဗီးယား (ဟာ့ဂ်ျ ဘုရားဖူး)ဘုရားဖူးတွေအတွက် ဘုရားဖူးဗီဇာကို ပြည်ထဲရေးမှာပဲ တိုက်ရိုက်လျှောက်နိုင်ပါပြီ''ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် က ပြောသည်။

Yangon Media Group

No comments:

Post a Comment