်ုံနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ အပစ်အခတ်
ရပ်စဲရေးဆိုင်ရာ မူဘောင်များ ထပ်မံညှိနှိုင်းရန် လိုအပ်သည့်အတွက် အပြီးသတ်
ဆုံးဖြတ်ချက် မချမှတ်နိုင်သေးခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြား သည်။
်အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပသည့် ညီလာခံ ဒုတိယနေ့တွင်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို နိုင်ငံရေးဆိုင်ရာ အာမခံချက်များ
ရရှိမှသာ အပစ်ရပ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက
အကြိုသဘောတူထားကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ
UNFC အတွင်းရေးမှူး ဦးခွန်ဥက္ကာက ဆိုသည်။
အပစ်အခတ်
ရပ်စဲရေးဆိုင်ရာ လိုင်ဇာ ဆုံးဖြတ်ချက်ကို နိုဝင်ဘာလ ၁ ရက်နေ့တွင် အပြီးသတ်
ဆုံးဖြတ်ချက် ချမှတ်မည် ဖြစ်ကြောင်း၊ ထိုသို့ချမှတ်နိုင်ရန် အစိုးရ၊ UNFC၊
RCSS/SSA နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်း
ဖွဲ့စည်းထားသော WGEC (တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့)
တို့က ပေးပို့ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းများကို
ညှိနှိုင်း၍ မူဘောင်တစ်ခုကို ညတွင်းချင်း ရေးဆွဲသွားမည် ဖြစ်ကြောင်း
ဦးခွန်ဥက္ကာက ထပ်လောင်းပြောကြားသည်။
“ဆုံးဖြတ်ချက် မနက်ဖြန်မှာကျမယ်။ တော်တော်တော့ နီးစပ်နေပြီ” ဟု KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။
အပစ်အခတ် ရပ်စဲရေးဆိုင်ရာ လိုင်ဇာမူကို ချမှတ်နိုင်ရန် ကိုယ်စားလှယ်
အဖွဲ့ဝင် တစ်ဦးစီ ပါဝင်သည့် ကော်မတီတစ်ရပ်ကို အောက်တိုဘာလ ၃၁ ရက်နေ့
အစည်းအဝေးတွင် ဖွဲ့စည်းလိုက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) အဓိပတိ
ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မုန်းက ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍
မူကြီးတစ်ရပ် ဦးဆောင်ရေးဆွဲမည် ဖြစ်ကြောင်း ညီလာခံ ကိုယ်စားလှယ်များထံမှ
သိရသည်။
“ဒီညဆွဲမယ့် မူကြမ်းကို မနက်ဖြန် ၉ နာရီ အစည်းအဝေးမှာတင်ပြီး
မနက်ပိုင်းမှာတင် အပြီးသတ် ဆွေးနွေး ဆုံးဖြတ်သွားမယ်” ဟု ဦးခွန်ဥက္ကာက
ရှင်းပြသည်။
အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကို
အောက်တိုဘာလ ၃၁ ရက်နေ့တွင် လိုင်ဇာညီလာခံက ချမှတ်ရန် ခန့်မှန်းထားသော်လည်း
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား နိုင်ငံရေးဆိုင်ရာ အခြေခံ
လိုအပ်ချက်၊ တိုင်းရင်းသားအားလုံး၏ ဘုံသဘောတူညီချက်နှင့် နိုင်ငံရေး
ဆွေးနွေးရာတွင် ရပ်တည်မည့် အခြေခံ အချက်များ အပေါ် အချေအတင်
ဆွေးနွေးနေရသဖြင့် ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း
ဒေါက်တာဆလိုင်းလျန်မုန်း က ပြောကြားသည်။
ိုကေအိုင်အိုအဖွဲ့မှာ
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် အင်အားကြီး
တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး တရုတ်အစိုးရ၏ သြဇာသက်ရောက်မှု
ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုလည်း
ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment