3.11.2013
ထိုဒုံးကျည်စခန်းများတွင် ဘက်ဘနွန်ရှိ ဟစ်ဇဘိုလာများကို ပေးရန် တရားမ၀င် မြေပြင်ပစ် ဒုံးခွင်းစနစ်များရှိနေခဲ့သည်ဟု The time of Isael က ဖော်ပြခဲ့သည်။ ဒုံးခွင်းစနစ်များထဲမှ တစ်ခုဖြစ်သော SA-8 စနစ်သည် ဒုံးများကိုကုန် ကားကြီးများပေါ်တင်ကာ ရွှေ့ပြောင်းနေရာချ ပစ်ခတ်နိုင်သော တာတိုပစ် ဒုံးစနစ်ဖြစ်သည်။ Channel 2 မှ ဖော်ပြခဲ့သော ဂြိုဟ်တုဓာတ်ပုံတွင် ဒုံးကျည်စခန်းများတွင် ရုရှားလုပ် Neva S-125 မြေပြင်မှဝေဟင်ပစ် လေယာဉ်ခွင်းဒုံးကျည်များ၊ SA-3 တိုက်ဒုံးများကို ထောက်လှမ်းနိုင်ခဲ့၍ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း The Jerusalem Post တွင်လည်း ရေးသား ထားသည်။
S-125 ဒုံးကျည်များသည် ၉မိုင်အကွာအဝေးထိ ပစ်ခတ်နိုင်ပြီး တစ်ချိန်က ယွန်ကစ်ပါစစ်ပွဲတွင် အီဂျစ်တို့ နှစ်သက်စွာသုံးခဲ့သောလက်နက်ဖြစ်ပြီး ပင်လယ်ကွေ့စစ်ပွဲတွင်လည်း အီရတ်တို့ အကြိုက်တွေ့ခဲ့သော ဒုံးလက်နက် ဖြစ်သည်။
ထိုနေ့ ဆီးရီးယားစစ်စခန်းတွင် တိုက်ခိုက်မှုကြောင့် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ခဲ့သည်ဟု ဆီးရီးယားလူအခွင့်အေ၇းစောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သလို ဆီးရီးယားလုံခြုံရေးကလည်း တိုက်ခိုက်မှုကို အတည်ပြုပြောကြားခဲ့သည်။ တိုက်ခိုက်မှုကြောင့် ကြီးမားသည့် ပျက်စီးမှု ရှိခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ဒဏ်ရာရခြင်းမရှိဟု ဆီရီးယာမှ Dam Press က ကြေညာခဲ့သည်။
ယခုတိုက်ခိုက်မှုအတွက် ဆီးရီးယား၊ လက်ဘနွန်တို့က အစ္စရေးကို အပြစ်တင်လျက်ရှိသည်။ လက်ဘနွန်အစိုးရပိုင် သတင်းမီဒီယာများတွင် ထိုနေ့က အစ္စရေးလေယာဉ် ခြောက်စီးသည် လက်ဘနွန်လေပိုင်နက်ဖြစ်သော ဘေရွတ်မြို့ မြောက်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်တွင် ပျံသန်းသွားခဲ့ကြောင်း ကြေညာထားသည်။
Ref: CNN
မြန်မာ့ခေတ်
No comments:
Post a Comment