address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, November 1, 2013

နိုင်ငံရေးနည်းအရဖြေရှင်းနိုင်ရန် ညီညွတ်ရေးသည်အရေးကြီးဟု KNU ဆို



1.11.2013

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ပြည်ထောင်စု အစိုးရအကြား လက်ရှိရင်ဆိုင်ကြုံ တွေ့နေရသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းအရ ဖြေရှင်းနိုင်ရန်အတွက် တိုင်းရင်းသား များအားလုံး၏
ညီညွတ်ရေးသည် အရေးကြီးကြောင်း ကရင်အမျိုးသားအစည်း
အရုံး(KNU)ကဆိုသည်။

''ညီညွတ်ရေးကို တည်ဆောက်ရာမှာ နေ ထိုင်တဲ့ ပထဝီအနေအထားမတူတာ၊ လူမျိုးတစ် မျိုးနဲ့တစ်မျိုး စရိုက်ချင်းမတူတာကြေင့် တစ်ထပ် တည်းဖြစ်ဖို့တော့ ခဲယဉ်းမယ်။
ဒါကြောင့် ညီ ညွတ်ရေးကိုအရ တည်ဆောက်ရမှာဖြစ်တဲ့ အတွက် ဖြစ်ရမယ်ဆိုတဲ့နည်းကတော့ Unity in Diversity သာလျှင် ညီညွတ်ရေးကိုတည် ဆောက်နိုင်မယ်လို့ KNU ခံယူထားပါတယ်'' ဟု အဆိုပါကွန်ဖရင့်အရန်သဘာပတိအဖြစ် ဆောင်ရွက်သူ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌစောမူတူးဆေးဖိုးက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် များစုံညီစွာလာရောက်
စုစည်းနိုင်သည့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကွန်ဖရင့် သည် အပြောင်းအလဲတစ်ရပ်ဆီသို့ ဦးတည်နေ သည့် မြန်မာပြည်နိုင်ငံရေးတောင်းဆိုမှုနှင့်ကိုက် ညီနေကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌဦအင်ဘန်လက အဆိုပါ ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရာတွင် Unity in Diversity သည် အင် အားတစ်ရပ်ဖြစ်လာမည်ဖြစ်သည့်အတွက် ညီ ညွတ်မှုကို ဖော်ဆောင်ရာ၌ တိုင်းရင်းသားများ အားလုံးသည် တန်းတူညီတူအဆင့်ဖြင့်ဖော်ဆောင် သွားရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌစောမူတူးဆေးဖိုးက ပြောသည်။

The Union Daily

No comments:

Post a Comment