address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, November 20, 2013

KNU(KNLA - PC) နှင့် ၈၈မျိုးဆက်တို့ တွေ့ဆုံ


20.11.2013

(နိုဝင်ဘာလ ၁၉ ရက်)၊ နံနက် ၉း၀၀ နာရီ အချိန်က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ရုံးခန်းသို့ KNU (KNLA – PC) အဖွဲ့မှ ဗိုလ်ချုပ်ကြီး စောဌေးမောင် ဦးဆောင်သော အဖွဲ့ ရောက်ရှိလာခဲ့ပြီး ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များနှင့် တစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 


ထိုသို့ဆွေးနွေးရာတွင် လက်ရှိနှင့် အနာဂတ် မြန်မာ့နိုင်ငံရေးအခြေအနေ၊ တိုင်းရင်းသားရေးရာနှင့် ဖက်ဒရယ်မူကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုစိုးထွန်းတို့ တက်ရောက်ခဲ့ကြသည်။

88 Generation

No comments:

Post a Comment