address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 3, 2013

ဘိန်းစိုက်သူတချို့သည် လက်နက်ကိုင်ဆောင်ထားကြသဖြင့် အမြစ်ပြတ်ချေမှုန်းရန် ခက်ခဲ


 3.10.2013
   
  မြန် မာနိုင်ငံရှိ ဘိန်းစိုက်ခင်းများတွင် အလုပ်လုပ်ကိုင်နေကြသူ တချို့ သည် လက်နက်ကိုင်များကိုင်ဆောင် ထားကြ သဖြင့် ဘိန်းစိုက်ခင်းများ ကို အမြစ်ပြတ်ချေမှုန်းရန်အခက် အခဲများရှိနေသေးကြောင်း နိုင်ငံ ဖြတ်ကျော် မှုခင်းဌာနမှ အ ဆင့် မြင့် အရာရှိကြီးတစ်ဦးက ပြော သည်။


    အဆိုပါအရာရှိက ''ဥပမာ ရှမ်းပြည်နယ်မှာရှိတဲ့ ဘိန်းစိုက် ခင်းတွေကိုကြည့်ဗျာ။ ဘိန်းစိုက် နေတဲ့သူတွေက အပြင်မှာ သွားလာ နေရင်တော့ သာမန်လူတွေလို့ ထင်ရပေမယ့် လုပ်ငန်းခွင်မှာဆိုရင် သေနတ်တွေ လွယ်ထားတာ။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေ လဲ အင်နဲ့အားနဲ့နှိမ်နင်းပေမယ့် အပေါ်ယံ လောက်ပဲ နှိမ်နင်းနိုင်တယ်။ ဘိန်း စိုက်ခင်းတွေကို အမြစ်ပြတ်ချေ မှုန်း ဖို့ဆိုတာက လောလောဆယ်မ ဖြစ်နိုင်သေးဘူး။ နိုင်ငံတကာရဲ့ အကူအညီလဲ အများကြီးလိုတယ်။ ဘိန်းစိုက် ခင်း ချေ မှုန်းဖို့ သွားတိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲဘော် တွေလဲ အများကြီးအကျအဆုံးရှိတယ်။ အပြန်အလှန်ပစ်ခတ်ရတဲ့အ     ဆ င့် ဖြစ်နေ တာကိုး''ဟု ပြောသည်။

    မြန်မာနိုင်ငံအနေဖြင့် အာ ဆီယံနိုင်ငံများနည်းတူ ၂၀၁၅တွင် မူးယစ်ကင်းစင်ဇုန်အဖြစ်ပြုလုပ် ရန် ဆောင်ရွက်နေသော် လည်း အခက်အခဲများရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာ၏ ကူညီပံ့ပိုးပေးမှုများ လည်း အများအပြားလိုကြောင်း မူးယစ် အထူးတိုက်ဖျက် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ''အချိန်နဲ့ နိုင်ငံတကာအကူ အညီ အများကြီးလိုတယ်။ အခုဆို ရင် မြန်မာနိုင်ငံမှာ မူးယစ်တိုက် ဖျက်မှုကို အထူးဦး စားပေး အဆင့် အနေနဲ့ ထိရောက်တဲ့ နှိမ်နင်းမှု တွေလုပ်နေပါတယ်။ မူးယစ်ဆေး ဝါးထုတ်လုပ်ရောင်းချသူ၊ သုံးစွဲ တဲ့ သူတွေကို ပြည်သူတွေ အနေနဲ့လဲ သတင်းကြားရင်ဖြစ်ဖြစ်၊ တွေ့ ရင်ဖြစ်ဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုအကြောင်းကြား ဖို့ပြောချင်ပါ တယ်''ဟုပြောသည်။ မြန်မာနိုင်ငံတွင် ဘိန်းစိုက် ခင်းများအဓိကစိုက်ပျိုးသည့် ရှမ်း ပြည်နယ်ရှိ မြို့နယ်တ ချို့တွင်မူး ယစ်ဆေး ဖမ်းဆီးရမိမှုများ ယခု အခါ ဆက်တိုက်ဖြစ်နေပြီး ဘိန်း အစားထိုးသီးနှံစိုက်ပျိုးမှု မှာ အောင် မြင် မှုမရှိသေးကြောင်း သိရသည်။ ယခုအခါ မူးယစ်ဆေးရောင်း ဝယ်ဖောက်ကားသုံးစွဲမှုများကို နိုင်ငံတော်အနေဖြင့် စီမံ ချက်ချ ဆောင်ရွက် ပြီး အာဆီယံ ရဲတပ်ဖွဲ့၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့တို့ နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရ သည်။

 Yangon Media Group

No comments:

Post a Comment