address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Thursday, October 3, 2013
တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ UNFC ကိုယ်စားပြု တက်မည်မဟုတ်
3.10.2013
လာမည့် နိုဝင်ဘာလတွင်ကျင်းပမည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲသို့ ညီညွတ်
သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ
်ကောင်စီ UNFC သည် တစ်ဖွဲ့လုံး ကိုယ်စားပြုတက်ရောက်မည်မဟုတ်
ကြောင်း UNFC မှ တွဲဖက်အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
“UNFC အနေနဲ့ သွားမှာ မဟုတ်ဘူး။့ င်္ဃြအနေနဲ့က လက်မှတ်ထိုးပွဲနေရာကို လေ့လာသူအနေနဲ့ ဗဟိုကခေါင်းဆောင်
တွေက ကိုယ့်အဖွဲ့က တစ်ဖွဲ့ချင်းထိုးတဲ့ ဟာကို လေ့လာသူအနေနဲ့ တက်ရောက်ဖို့တော့ ဖိတ်ထားတယ်။ တစ်ဖွဲ့ ချင်း ထိုးမယ် မထိုးဘူးဆိုတာလည်း မဆုံးဖြတ်ရသေးဘူး” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
လက်မှတ်ထိုးပွဲသို့ င်္ဃြကို တက် ရောက်လေ့လာသူအဖြစ် ဖိတ်ကြားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ ဏြဃမှ ကိုယ်စားလှယ်တစ်ဦးက နှုတ်ဖြင့် ဖိတ်ကြားထားခဲ့သည်ဟု ခွန်ဥက္ကာက ဆိုသည်။
UNFCသည် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတွင် တစ်ပေါင်းတစ်စည်းတည်း နိုင်ငံရေး ဆွေးနွေးသွားရန် ပြင်ဆင် လျက်ရှိသည်ဟုလည်း သူကပြောသည်။““UNFC က အဖွဲ့ဝင်တွေ တစ်ဖွဲ့ချင်း သဘောတူရင် ထိုးဖို့ အကုန်လုံးကို ဖိတ်မယ်လို့ ပြောတယ်၊ အဲဒီ လက်မှတ်ထိုးတဲ့နေရာမှာ UNFC က ထိုးဖို့သွားမှာမဟုတ်ဘူး” ဟု ပြောသည်။
သို့သော် မည်သည့် လက်နက်ကိုင်အဖွဲ့များ တက်ရောက်မည်ကို မသိရသေးသော်လည်း တစ်ဖွဲ့ချင်းတက်ရောက်မည် ဆိုပါက UNFC အဖွဲ့များအားလုံး မူတစ်ခု ချမှတ်ပြီးမှ တက်ရောက်ရန်ရှိနေသည်။
“လက်မှတ်ထိုးတဲ့နေရာမှာ စည်းကမ်းချက်တွေက ဘာတွေလဲ။ အဲဒါတွေအားလုံး သဘောတူပြီးတော့မှ ညီညီညွတ်ညွတ်နဲ့ မူချပြီးတော့မှ အဖွဲ့ဝင်တွေက သွားကြမယ်ဆိုရင်လည်းသွား၊ ဒါပေမဲ့ တိုင်တိုင်ပင်ပင်နဲ့လုပ်ကြဖို့ ဒီလောက်ပဲ ပြောနိုင်မယ်” ဟု ခွန်ဥက္ကာက ပြောသည်။
UNFC ကို သမ္မတရုံးမှ တရားဝင် ဖိတ်ကြားလာပါက လက်ခံကြိုဆိုမည်ဖြစ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် မည်သည့်အချက်များ ထည့်သွင်းပေးရန် အပြန်အလှန် ပြောဆိုဆွေးနွေးကြမည်ဖြစ်ကြောင်
း ခွန်ဥက္ကာက ပြောသည်။ ပြည်ထောင်စု အစိုးရထံမှ UNFC ထံ ယနေ့ထိ တရားဝင်ဖိတ်ကြားခြင်းမရှိသေးဘဲ အလွတ်သဘော ပြောဆိုခြင်းသာဖြစ်သည်ဟု ဆိုသည်။
Mizzima
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment