address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, November 1, 2013

ABSDF၏ ကျဆုံးသွားသော ရဲဘော်များအတွက် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်

1.11.2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၏ ၂၅နှစ်ပြည့် အခမ်းအနားကို သထုံမြို့ ဝင်းကကျေးရွာရှိ ခေတ်သစ် သိပ္ပံဘုန်းကြီးကျောင်းတွင်ယနေ့နံနက် ၈နာရီတွင် ကျင်းပလျက်ရှိရာ ကျဆုံးသွားသော ရဲဘော်များ၏ မိသားစုဝင်များအား ဂုဏ်ပြုမှတ်တမ်း များ ပေးအပ်ခဲ့ကြောင်း ယင်းအခမ်းအနားတက်ရောက်သူ တစ်ဦးက ပြောကြားသည်။

“မကဒတရဲ့ ငွေရတုမှာ မကဒတ ဗဟိုကိုကျွန်တော် ပြောပြချင်တာကတော့ ဒီမိုကရေစီရေး၊လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ရင်း ကျဆုံး
သွားခဲ့ရသော ABSDF ရဲဘော်တွေရဲ့ မိသားစုတွေကို အတတ်နိုင်ဆုံး နွေးထွေးမှုနဲ့လူမှုဖူလုံမှုတွေ လုပ်ပေးပါလို့ ဒီကနေ့ ၂၅ နှစ် ငွေရတုမှာ ရဲဘော်ဟောင်း တယောက်အနေနဲ့ တောင်းဆိုလိုက်ပါတယ်”ဟု
ကျောင်းသားတပ်မတော်၏ အမှတ်၂၁၀တပ်ရင်း၏အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သူ ရဲဘော်ငွေအောင်က၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ၏ ၂၅နှစ်တာ ကာလအတွင်း ကျဆုံးခဲ့သူ ၆၀၀ကျော်ခန့် ရှိပြီး တိုက်ပွဲများ အတွင်း ကျဆုံးသူ ၃၅၀ကျော်၊ရောဂါအမျိုးမျိုးကြောင့် ကျဆုံးသူ ၂၇၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၀၀ကျော် ရှိကြောင်း ABSDF၏ မှတ်တမ်းများအရသိရသည်။

မွန်ပြည်နယ် သထုံမြို့ ၀င်းကကျေးရွာတွင် ကျင်းပသကဲ့သို့ ABSDF ၏ ၂၅နှစ်ပြည့် စစ်ရေးပြ အခမ်းအနားအား ABSDF (မြောက်ပိုင်း) လိုင်ဇာ၌ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်တွင် လည်း ၂၅နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

People power

No comments:

Post a Comment