address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 14, 2013

ဆီးဂိမ်းဖွင့်ပွဲပိတ်ပွဲ အခမ်းအနားအတွက်အများပြည်သူ ဝင်ခွင့်လက်မှတ် ၈ဝဝဝ ရောင်းချပေးမည်




14.11.2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲအခမ်းအနားအတွက် အများပြည်သူဝင်ခွင့် လက်မှတ် ၈ဝဝဝ ရောင်းချ သွားမည်ဟု အားကစားဝန်ကြီးဌာနနှင့် အကျိုး တူပူးပေါင်းဆောင်ရွက်နေသည့် Accord Myanmar ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးထွန်း ထွန်းက ပြည်ထောင်စုနေ့စဉ်သို့ယနေ့ပြောသည်။

အဆိုပါလက်မှတ်များကို ယခုလ ၁၈ ရက် မှ ၃ဝ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများအတွက် အထူးတန်း ကျပ် ၅ဝဝဝ၊ ရိုးရိုးတန်း ကျပ် ၃ဝဝဝဖြင့် မှတ်ပုံတင် မိတ္တူဖြင့်လည်းကောင်း၊ နိုင်ငံခြားသားများအတွက် အထူးတန်း အမေရိကန်ဒေါ်လာ ၅ဝ၊ ရိုးရိုးတန်း ကန်ဒေါ်လာ ၃ဝ တို့ဖြင့် ပတ်စ်ပို့မိတ္တူဖြင့်လည်း ကောင်း ရောင်းချပေးသွားမည်ဟု သိရသည်။
ဦးထွန်းထွန်းက''ပြိုင်ပွဲကျင်းပရေး ကော်မ တီက လက်မှတ် ၈ဝဝဝရောင်းခွင့်ပြုထားပါတယ်။နေပြည်တော်၊ ရန်ကုန်၊ မန္တလေး သုံးပုံတစ်ပုံစီ ပေါ့။ လက်မှတ်တွေမှာလဲ လုံခြုံရေးစနစ်တွေ ထည့်ထားပါတယ်။ ဘားကုတ်နံပါတ်၊ပင်နံပါတ်၊ ဟိုလိုဂရမ်စတာတွေပါပါတယ်''ဟုပြောသည်။

ဖွင့်ပွဲပိတ်ပွဲပြုလုပ်မည့်ပရိသတ် ၃ဝဝဝဝ ဆံ့ ကွင်းအတွင်း ဖျော်ဖြေရေးဦးရေမှာ တစ်ဝက် နီးပါးပါဝင်သည့်အတွက် ယခုကဲ့သို့ပရိသတ် အတွက် လက်မှတ် ၈ဝဝဝ သာ ရောင်းချပေးနိုင် ခြင်းဖြစ်သည်ဟုဆိုသည်။
''အခမ်းအနားတွေကိုလဲ သေချာလုပ်ထား တာ တွေ့ရပါတယ်။ ကမ္ဘာ့အဆင့်မီပါတယ်။ အရင် ဆီးဂိမ်းဖွင့်ပွဲ ပိတ်ပွဲအခမ်းအနားတွေထက် တောင်သာတယ်လို့ အကြိုမြင်ကွင်းတွေအရ တွေ့ နေရပါတယ်''ဟု ၄င်းကပြောသည်။

အဆိုပါလက်မှတ်များကို အွန်လိုင်းမှလည်း ရောင်းချပေးသွားမည်ဖြစ်ပြီး ဆီးဂိမ်းဝက်ဘ်ဆိုက် ဖြစ်သည့် www.27seagames2013.com ရှိ Ticketing နေရာသို့ ဝင်ရောက် ဝယ်ယူနိုင်သည် ဟု သိရသည်။

ဦးထွန်းထွန်းက''အွန်လိုင်းကမြန်မာဝယ်လို့ မရဘူး။ နိုင်ငံခြားသားတွေအတွက် မာစတာ ကတ်၊ ဗီဇာကတ်တွေနဲ့ပေးချေဖို့ပေါ့။ အမှန်တော့ ပြည်တွင်းကလဲ ဝယ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားခဲ့သေးတယ်။ အဆင်မပြေတာတွေ ရှိလို့ ပါ''ဟု ပြောသည်။

ဖွင့်ပွဲပိတ်ပွဲ လက်မှတ်များကို ပြည်တွင်းမှ ဝယ်ယူလိုသူများ
အနေဖြင့် နေပြည်တော် ဝဏ္ဏ သိဒ္ဓိအဆင့်မြင့်အားကစားကွင်း အမှတ်(၁) ဂိတ်/ မြို့မဈေးဆိုင်ခန်း အမှတ်(ပ)-၁၁၂/ပျဉ်းမနား (ပေါင်းလောင်း) ကစားကွင်းတို့၌လည်းကောင်း၊ ရန်ကုန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Arrival ခန်းမ/ ဗိုလ်ချုပ်ဈေးရှေ့ မိုးယံထီဆိုင်၌ လည်းကောင်း၊ မန္တလေးမြို့တွင် ၈၄လမ်း (၃၁x၃၂)လမ်းကြား မိုးယံထီဆိုင်၌ လည်း ကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

ဆီးဂိမ်း ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၆နာရီတွင်လည်းကောင်း ပိတ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၂ရက် ညနေ ၆ နာရီ တွင်လည်းကောင်း နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကစားကွင်းတွင် ကျင်းပသွားမည်ဟုသိရသည်။

The Union Daily

No comments:

Post a Comment