12.11.2013
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရန်ကုန်၊ ရန်ကုန်မှတစ်ဆင့် အိန်္ဒိယနိုင်ငံ အင်ဖာမြို့အထိ ပြေးဆွဲမည့်ကား လိုင်းသစ်ကို မူလက နိုဝင်ဘာလေးရက်တွင် စတင်ပြေးဆွဲရန် သတ်မှတ်ထားသော်လည်း လိုအပ်သည့် ထောက်ခံချက်စာရွက်စာတမ်းများ မရရှိသေးသည့်အတွက် နိုဝင်ဘာ ၂၈ ရက်မှသာ ပြေးဆွဲနိုင်မည်ဟုယင်း ကားလိုင်းသစ် ပြေးဆွဲမည့် ရန်ကုန် Air Bus အသင်း ဥက္ကဋ္ဌ ဦးသာနိုင်က နိုဝင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
တစ်ပတ်လျှင် ခရီးစဉ်သုံးကြောင်း ပြေးဆွဲမည်ဖြစ်ပြီး ကားစီးရေ ၂၀ ဖြင့်စတင်ပြေးဆွဲမည်ဖြစ် ကာ အဲကွန်းမီနီဘတ်စ်ကား ခရီးသည် ၃၆ ယောက်ဆန့်ဖြင့် ခရီးစဉ်ကို ဗန်ကောက်၊ မြိတ်၊ ထားဝယ်၊ ရန် ကုန်၊ မန္တလေး၊ တမူး၊ အင်ဖာအထိ စီစဉ်ထားသည်။ ခရီးစဉ် အစအဆုံး တစ်ကြောင်းလျှင် အမေရိကန်ဒေါ် လာ ၁၂၀ ခန့် ကျသင့်မည်ဖြစ်ပြီး ဘန်ကောက် မြို့ (ထိုင်းနိုင်ငံမှ) ရန်ကုန်အထိ ခရီးစဉ်အတွက် ကျပ် ၆၀,၀ ၀၀ ခန့်ကျသင့် မည်ဖြစ်ကာ ရန်ကုန်မှ အင်ဖာမြို့(အိန္ဒိယနိုင်ငံ) အထိ ခရီးစဉ်အတွက် ကျပ် ၆၀၀၀၀ ခန့်ကျ သင့်မည်ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment