address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, November 6, 2013

အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဒီဇင်ဘာတွင် ဘားအံ၌ ဒုတိယအကြိမ်ဆွေးနွေးမည်




6.11.2103

အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် ဆွေးနွေးပွဲအား ဒီဇင်ဘာလအ တွင်း ကရင်ပြည်နယ် ဘားအံမြို့ တွင် ပြန်လည်ကျင်းပရန်သဘော တူညီခဲ့ကြောင်း မြစ်ကြီးနားမြို့ တွင် ပြုလုပ်သည့် ပထမအကြိမ် ဆွေးနွေးပွဲအပြီး အချက်ခြောက် ချက်ပါ နှစ်ဖက်သဘောထားထုတ် ပြန်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို နိုဝင် ဘာ ၄၊ ၅ရက်တွင် မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမ၌ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုများရပ်စဲရေး တွေ့ဆုံ ဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ကြေ ညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ဘားအံမြို့၌ ကျင်းပမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဒုတိ ယဗိုလ်ချုပ်ကြီးမြင့်စိုးက 'နိုင်ငံ တော်က အခန်း ၁၄ခန်းပါတဲ့ ဟာရယ်၊ သူတို့ပေးတဲ့ ၁၁ ချက် ပါတဲ့ဟာရယ် အဲဒီနှစ်ခုကို သူတို့ ဆွေးနွေးမယ်။ ဆွေးနွေးပြီး ဒီဇင် ဘာမှာ သူတို့တွေ့ မှာပေါ့။ ဘား အံမှာတွေ့မှာပေါ့''ဟုပြောသည်။ နှစ်ရက်ကြာ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးသည့်အဆင့် မရောက်သေးကြောင်း ယင်းအ ခြေအနေအထိရောက်ရန် အတွက် ဆက်လက်ဆွေးနွေး သွား မည်ဖြစ် ကြောင်း၊ ယခုဆွေးနွေးပွဲ တွင် အပစ်အခတ်ရပ်စဲရေးအတွက် အခြေခံကောင်းများရရှိခဲ့ပြီး ဘား အံမြို့၌ကျင်းပမည့် ဆွေးနွေးပွဲ တွင် ပိုမိုကောင်းမွန်သည့်ရလဒ် များ ထွက်ပေါ်ရန်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ် ချုပ်ကြီး မြင့်စိုးက ပြောသည်။

ယင်းက ''ဘားအံမှာကျလို့ ရှိရင်တော့ ဒီထက်ပိုပြီးတော့ထင်သာမြင်သာရှိတဲ့ တိုးတက်တဲ့ ရလဒ်တော့ ရမယ်။ အဲဒီအချိန် မှာလဲ လက်မှတ်ထိုးနိုင်မယ်၊ မထိုး နိုင်ဘူးဆိုတာ အဲဒီအပေါ်မှာမူ တည်မှာပေါ့''ဟုပြောသည်။ ဘားအံဆွေးနွေးပွဲနှင့် ပတ် သက်၍ အချိန်ဇယားမဆွဲရသေး ကြောင်း၊ နောက်တစ်ကြိမ်တွေ့ဆုံ ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံ တောင်ပိုင်းတွင် ပြုလုပ်ရန်အတွက် လိုင်ဇာဆွေးနွေးပွဲတွင် ချမှတ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ဘားအံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း များ တွေ့ဆုံပွဲနှင့် အစိုးရ နှင့် တိုင်းရင်းသားအဖွဲ့အစည်း များ၏ ဆွေးနွေးပွဲနှစ်ခု ကျင်းပ မည်ဖြစ်ကြောင်း၊ ယင်းဆွေးနွေး ပွဲများအား KNU တာဝန်ယူ ကျင်းပမည်ဖြစ်ကြောင်း ညီညွတ် သော တိုင်းရင်းသားများဖက်ဒရယ် ကောင်စီ (UNFC) အတွင်းရေး မှူး ဦးခွန်ဥက္ကာက ပြောသည်။

''နောက်ထပ်ဆုံမယ့်ရက် ကိုတော့ နည်းနည်းညှိဖို့လိုတယ်။ နေရာကတော့ တောင်ပိုင်းမှာ လုပ်မယ်ဆိုတာကို လိုင်ဇာမှာက တည်းက ဆုံးဖြတ်ပြီးသား။ ဒီ တစ်ခါတော့ တောင်ပိုင်းကိုဆင်း မယ်။ တောင်ပိုင်းကို ဆင်းမယ်ဆို ရင် KNU အဖွဲ့အစည်း က တာဝန် ယူပြီးတော့ လိုင်ဇာလို ညီညွတ် ရေးကတစ်ခု၊ မြစ်ကြီးနားလိုပွဲက တစ်ခုပေါ့။ အဲ့မြစ်ကြီးနားလိုပွဲ ကတော့ ဘားအံပေါ့။ လိုင်ဇာလို ပွဲကတော့ သူတို့ဘယ်လိုလုပ်မလဲ ကျွန်တော်မသိဘူး။ KNU တာ ဝန်ကိုး။ လေးဝါး လို့ ခေါ်တဲ့ လော်ခီ လားမှာလား၊ အရင်တုန်းက မာ နယ်ပလောဟောင်းမှာလား ဘယ် နေရာရွေးမလဲ ကျွန်တော်တို့မသိ ဘူး''ဟု ယင်းကပြောသည်။

နှစ်ဖက်သဘောတူညီထုတ် ပြန်ချက်တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲ ရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုဆိုင်ရာမူဘောင်များနှင့် နိုင်ငံ ရေး တွေ့ဆုံဆွေးနွေးပွဲများကျင်းပ ခြင်း အချက်သုံးချက်ကို ဆက် လက်ဆောင် ရွက်ရန် သဘောတူ ညီခဲ့ကြသည်။ ဘားအံတွင် အစိုးရနှင့်တွေ့ ဆုံဆွေးနွေးရန်အတွက် တိုင်းရင်း သားများဘက်မှ ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ညှိနှိုင်း ဆွေးနွေးပြီး ဘားအံ မြို့၌ ဆက်လက်ဆွေးနွေးရန်အ တွက် သဘောတူညီခဲ့ကြသည်။
မြစ်ကြီး နား မြို့၌ ကျင်းပ သည့် နှစ်ရက်ကြာဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် ကုလသမဂ္ဂအ ထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စတာနမ်ဘီးယားနှင့် တရုတ်နိုင်ငံ အာရှရေးရာ အထူး ကိုယ်စား လှယ် မစ္စတာဝမ် ရင်ဖန်း တို့ တက်ရောက်ခဲ့ကြသည်။

Yangon Media Group

No comments:

Post a Comment