address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 14, 2013

တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီ ၁၂ ပါတီ နိုဝင်ဘာလ တတိယပတ်တွင် တွေ့မည်


14.11.2013

တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များအတွက် ဆွေးနွေးရန် ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၂ ခု နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် ပြုလုပ်ရန် လျာထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ အများစုကို ဖိတ်ကြားထားကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ဦးအောင်နိုင်ဦးက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံမည့် ချင်းမိုင် ဆွေးနွေးပွဲသို့ NLD ပါတီ ကိုယ်စားပြု အနေဖြင့် ပါဝင် တက်ရောက်မည် ဖြစ်ကြောင်း ယင်းပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောဆိုသည်။
“လောလောဆယ်တော့ လျာထားဆဲပေါ့။ ခရီးစဉ် အသေးစိတ်ကိုတော့ MPC ကပဲ ပြောနိုင်လိမ့်မယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပြည်တွင်း နိုင်ငံရေး ပါတီများ နိုင်ငံရေးဆိုင်ရာ အကြိုဆွေးနွေး ဖလှယ်မှုများ ပြုလုပ်နိုင်ရေး ချင်းမိုင်မြို့၌ တွေ့ဆုံရန် အစိုးရက စီစဉ်ထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆိုထားသည်။

လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ကို အဆုံးသတ်ရန် နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် အစိုးရက စီစဉ်နေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အပစ်အခတ် ရပ်စဲရေး မပြုလုပ်မီ နိုင်ငံရေးဆိုင်ရာ အာမခံချက်များအတွက် အကြိုဆွေးနွေး ထားလိုကြောင်း UNFC အတွင်းရေးမှူး ဦးခွန်ဥက္ကာက ရှင်းပြသည်။

The Voice Weekly

No comments:

Post a Comment