address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, November 8, 2013

နိုင်ငံရေး အကျဉ်းသား ၅၀ ခန့် ရက်ပိုင်းအတွင်း ထပ်လွှတ်မည်



8.11.2013

နိုင်ငံရေး အကျဉ်းသား၅ဝခန့် ရက်ပိုင်းအ တွင်း ထပ်မံလွတ်မြောက်မည်ဖြစ် ကြောင်း လက်ကျန်နိုင်ငံရေးအ ကျဉ်းသားများ စိစစ်ရေးကော်မ တီဝင်တစ်ဦးက ပြောသည်။ ''နိုင်ငံရေးအကျဉ်းသားတွေ ထပ်မံလွတ် မြောက်ဦး မှာပါ။ ဒီ ရက်ပိုင်းအတွင်းလွတ်မှာပါ။ အခု လွတ်မြောက်မယ့်အထဲမှာ အချို့ က နိုင်ငံရေးအကျဉ်းသား ဟုတ် မဟုတ် အငြင်းပွားမှုတွေတော့ ရှိနေပါတယ်''ဟု ယင်းက ပြော သည်။

နိုဝင်ဘာ၁ရက်က နိုင်ငံတော် သမ္မတဦးသိန်းစိန်က နိုင်ငံရေးအ ကျဉ်းသားများ တစ်ဦးတစ်လေမှ မကျန်ရှိစေရန် ဆက်လက်ဆောင် ရွက်သွားမည်ဟု ပြောကြားထား သည်။ လက်ကျန်နိုင်ငံရေးအကျဉ်း သားစိစစ်ရေးကော်မတီဝင် ဖြစ် သူ ဦးလှမောင်ရွှေ က ''ကျွန်တော် တို့အဖွဲ့ နိုဝင်ဘာ၉ရက်မှာတွေ့ ဖို့ ခေါ်ထားတာရှိပါတယ်။ ဒီအ ဖွဲ့အနေနဲ့ကတော့ အဖွဲ့အစည်း တွေကတင်လာတဲ့ နိုင်ငံရေးအ ကျဉ်းသားတွေကို အမှန်တကယ် နိုင်ငံရေးအကျဉ်းသား ဟုတ် မဟုတ်စိစစ်ပြီး ပြည်ထောင် စု ဝန် ကြီး ဦးစိုးသိန်းဆီကို တင်ပေးရ တာပါ။ ဦးစိုးသိန်းကနေတစ်ဆင့် သမ္မတထံတင်ပြရပါတယ်။ သမ္မတ ကနေ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ဆုံးဖြတ်တာပါ''ဟု ပြော သည်။

မြန်မာနိုင်ငံ တွင် အောက် တိုဘာ၈ရက်က အကျဉ်းသား၅၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု ခဲ့ပြီး အစိုးရသစ်လက်ထက်၌ အ ကျဉ်းထောင်အသီးသီးတွင် အ ကျဉ်းကျခံနေရသော အကျဉ်း သားများအား လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ရာ ရှစ်ကြိမ် အထိရှိပြီဖြစ် ပြီး စုစုပေါင်းအကျဉ်းသားဦးရေ ၂၈၆၇၄ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့သည်။

The Yangon Times

No comments:

Post a Comment