address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, November 15, 2013

ချင်းမိုင်ရှိ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပြည်တွင်းနိုင်ငံရေးပါတီများ ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်မီတွေ့ရန် ငြိမ်းချမ်းရေး စင်တာ စီစဉ်


15.11.2013

ထိုင်းနိုင်ငံ ချင်းမိုင်ရှိ တိုင်း ရင်းသား အဖွဲ့အစည်းများနှင့် ပြည် တွင်းရှိ နိုင်ငံရေးပါတီများအား ဒီဇင် ဘာလအတွင်း ဘားအံမြို့တွင် ကျင်း ပမည့်အစိုးရနှင့် တိုင်းရင်းသား လက် နက်ကိုင်ခေါင်းဆောင်များ ငြိမ်းချမ်း ရေးဆွေးနွေး ပွဲ မတိုင်မီ တွေ့ဆုံနိုင် ရန် မြန်မာ့ငြိမ်းချမ်းရေးစင်တာ မှ စီ စဉ်ထားကြောင်း ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက ပြောသည်။

ဦးအောင်မင်းက ''ကျွန်တော် တို့ Myanmar Peace Center က နေ နိုင်ငံရေးပါတီတွေကို ကြားကာ လမှာ ချင်းမိုင်ကိုသွားပြီးမှ များသော အားဖြင့် ချင်းမိုင်ဆိုတဲ့ ဇင်းမယ်ဆို တဲ့ဌာနချုပ်က တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းတွေ ရဲ့ ဌာန ချုပ်တွေ အဲဒီမှာ စုဝေးနေတာဖြစ် ပါတယ်။ အဲဒီမှာ UNFC ဆိုတဲ့အ ဖွဲ့မျိုးတွေ ကျန်တဲ့ဌာနချုပ်တွေ အား လုံးစုနေတာဖြစ်ပါ တယ်။ နိုင်ငံရေး ပါတီက ခေါင်းဆောင်ကြီးများကိုလဲ အဖွဲ့လိုက် အဲဒီကိုလွှတ်ပြီးမှ သူတို့ နဲ့တွေ့ခွင့်ရအောင် ဆောင်ရွက်ထား တဲ့ အစီအစဉ်တွေ ရှိပါတယ်''ဟု ဦးအောင်မင်းက နိုင်ငံရေးပါ တီခေါင်း ဆောင်များ အား ပြောကြားသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင် နိုဝင်ဘာ ၁၀ ရက်က ပြုလုပ် သည့် ပြည်ထောင်စု ဝန်ကြီး များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ဦးအောင်မင်း က ယင်းသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ချင်းမိုင်တွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံ ရေး ပါတီများ တွေ့ဆုံရာတွင် ကန့် သတ်ချက်မထားရှိ ဘဲ ဆွေးနွေးနိုင် ကြောင်း ဒီဇင်ဘာလအတွင်း ဆွေး နွေးမည့် တိုင်းရင်းသားလက် နက် ကိုင် ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေး နွေးပွဲတွင် လည်း အောင်မြင်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်း က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ် ဝင်းက ''ကျွန်တော်တို့ အစကတည်း က အဲ့ဒီအဖွဲ့တွေနဲ့ တွေ့ချင်နေတာ။ ကျွန်တော်တို့က အစိုးရလဲ မဟုတ် ဘူး။ နိုင်ငံရေးပါတီ။ အစိုးရက သူတို့ တွေ့ရင်တော့ ဘာမှမဖြစ်ဘူး။ ကျွန် တော်တွေ့တော့ ကျွန်တော် ၁၇(၁) ဖြစ်မယ်။ ကျွန်တော်တို့ သတိထားရ တယ်။ သူတို့အစီအစဉ်နဲ့ သွားတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့က ဥပ ဒေအရ သူတို့နဲ့ ဆက်သွယ်ခွင့်မရှိ ဘူး''ဟု ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆိုင်ရာမူဘောင်အား အစိုး ရနှင့် တိုင်းရင်းသားလက်နက်ကိုင် များသာမက လွှတ်တော်၊ နိုင်ငံရေး ပါတီများပါ ဝိုင်းဝန်းရေးဆွဲကြရန် အတွက်လိုအပ်ကြောင်း ချင်းမိုင်မှ တိုင်းရင်းသား အဖွဲ့အစည်းများအား ပြည်တွင်းတွင် ဆွေးနွေးနိုင်ရန်လည်း အစိုးရအနေဖြင့် ဖိတ်ကြားထား ကြောင်း ယင်းကဲ့သို့ တိုင်းရင်းသား အဖွဲ့အစည်းများ လာရောက် ပါက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပေး မည်ဖြစ်ပြီး ချင်းမိုင်သို့ နိုင်ငံရေးပါ တီများအနေဖြင့် နိုဝင်ဘာလအတွင်း သွားရောက်ဆွေးနွေး နိုင်မည်ဖြစ် ကြောင်း မြန်မာ့ငြိမ်းချမ်းရေး စင် တာမှ အကြီးတန်းအကြံပေး ဦးလှ မောင်ရွှေက ပြောဆိုသည်။

Yangon Media Group

No comments:

Post a Comment