address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 11, 2013

ဟိုင်ယန် မုန်တိုင်း ဗီယက်နမ်ကိုဝင်



11.11.2013

ဖိလစ်ပိုင် နိုင်ငံမှာ လူသောင်းနဲ့ချီ သေဆုံးခဲ့ရပြီး အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေခဲ့တဲ့ ဟိုင်ယန် မုန်တိုင်းဟာ အခုတော့ ဗီယက်နမ်ကို ဝင်ရောက် တိုက်ခတ် နေတာကြောင့် နိုင်ငံမြောက်ပိုင်း Quang Ninh ပြည်နယ်မှာ မြေပြိုမှုတွေ ဖြစ်နေပါတယ်။

မုန်တိုင်းဟာ အရင်ကထက် အားပျော့သွားပြီ ဖြစ်ပေမယ့် တနာရီကို လေတိုက်နှုန်းက မိုင်ကိုးဆယ်ကျော် ရှိနေတာ ဖြစ်ပါတယ်။

ဒီနေ့ တနင်္လာနေ့ ဒေသစံတော်ချိန် အစောပိုင်းမှာ ကမ်းရိုးတမ်းပိုင်းကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဟနွိုင်း မြို့တော်မှာ မိုးကြီး ရေလွှမ်းမိုးမှုတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိအချိန်မှာ ရတဲ့ သတင်းတွေ အရ အနည်းဆုံး လူခြောက်ယောက် သေဆုံးသွားပြီလို့ သိရပါတယ်။

ဟိုင်ယန်မုန်တိုင်း ရွေ့သွားပြီးတဲ့နောက် ဖိလစ်ပိုင်မှာ ပျက်စီးထိခိုက်ခဲ့တာတွေကို ရှင်းလင်းရေး လုပ်ဖို့ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေက အကြီးအကျယ် ကြိုးပမ်း ဆောင်ရွက်နေကြပါတယ်။

လူလေးသန်းလောက် မုန်တိုင်းဒဏ်ခံခဲ့ရပြီး အများစုဟာ အခုအခါမှာ ရိက္ခာ ၊ နေစရာနဲ့ သောက်ရေ မရှိဘဲ ရုန်းကန် နေကြရပါတယ်။

အမေရိကန်ကလည်း လေယာဉ် ၊သင်္ဘောတွေနဲ့ ကယ်ဆယ် ကူညီရေး လုပ်ဆောင်ပေးနေပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ကတော့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့ အတွက် ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။

တခြား နိုင်ငံတွေကလည်း လူမှု ကယ်ဆယ်ရေး အတွက် ဒေါ်လာ သန်းနဲ့ချီ အကူအညီ ပေးဖို့ ကတိပေးခဲ့ကြပြီး နိုင်ငံတကာ ပရဟိတ အဖွဲ့တွေကလည်း အရေးပေါ် အကူအညီတွေ ပို့ဆောင်ပေးဖို့ ပြင်ဆင်နေကြပါတယ်။

BBC

No comments:

Post a Comment