5.11.2013
“ခွင့်ပြုချက်ယူရတယ်ဆိုတာကို လုံးဝလက်မခံဘူး။ ပြည်သူတွေ နစ်နာချက်ကို အစိုးရဆီတောင်းဆိုတာ ပြည်သူ့အသံ နားမထောင် လို့ လုပ်ရတာခွင့်ပြုချက်ကမလိုပါဘူး” ဟု ဦးတင်ထွဋ်ပိုင်က ရှင်းသည်။
မီတာခပြန်လည်လျော့ချရေး ဆန္ဒဖော်ထုတ်ပွဲများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဆောင်ရွက်နိုင်ရန် စီစဉ်မည်ဖြစ်သော်လည်း လတ်တလောတွင် ရန်ကုန်နှင့် မန္တလေးတို့၌ ဦးစွာပြုလုပ်သွားမည်ဟုသိရသည်။ သို့သော် မည်သည့်နေရာတွင်စတင်မည်ဆိုသည် ကိုမူ တိုင်ပင်ဆွေးနွေးနေဆဲဖြစ်ကြောင်း ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုမှ အထက်မြန်မာပြည်တာဝန်ခံ ဦးသိန်းအောင်မြင့်ကဆိုသည်။
အဆိုပါဆန္ဒဖော်ထုတ်မှုကို Generation Wave၊Generation Youths၊ ရန်ကုန် လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်သူများအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနေကြောင်း၊ ယင်းသို့ မီတာခတိုးမြှင့် သတ်မှတ်မှုကြောင့် ပြည်သူများအနေဖြင့် ကုန်ကျစရိတ်နှစ် ဆကျော်မြင့်တက်သွားသည်ကို မြောက်ဥက္ကလာနှင့် တောင်ဥက္ကလာမြို့နယ်များတွင် ငါးရက်ကြာပြုလုပ်ခဲ့သည့် လေ့လာမှုများအရသိရကြောင်း ဦးတင်ထွဋ်ပိုင်က ဆိုသည်။
“သာမန်အိမ်သုံးတွေတောင်တစ်နေ့ကို ရှစ်ယူနစ်လောက်သုံးတယ်တစ်လလုံးဆိုရင်ဘယ်လိုဖြစ်ဖြစ် ယူနစ်တစ်ရာကျော်တော့ နှစ်ဆလောက်ကို မြှင့်သွားနိုင်တဲ့အခြေနေမှာရှိ တယ်။ ဒီလိုအချိန်မျိုးမှာ တက် လိုက်တော့ လူထုအတွက်စီးပွားရေးအရအခက်ခဲတစ် ခုကို ဖြစ်သွားစေတယ်”ဟု ၎င်းကပြောသည်။
မီတာဈေးနှုန်း ပြန်လည်လျော့ချပေးရန်တောင်းဆိုမှုသည် ပြည်သူများလိုအပ်ချက်ကို တောင်းဆိုခြင်းဖြစ် ကာ နိုင်ငံတော်၏တရား ဥပဒေစိုး မိုးမှု နှင့် တည်ငြိမ်ရေးကိုနှောင့်ယှက်မှုပြု ခြင်းမဟုတ်ဟု ယုံကြည် ကြောင်း၊ ယင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ် လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကို ကျင့်သုံးခြင်းသာဖြစ် ကြောင်း ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု အထက်မြန်မာပြည် တာဝန်ခံ ဦးသိန်းအောင်မြင့်က ပြောသည်။
ဆန္ဒဖော်ထုတ်ခွင့်ကိုကျင့်သုံးခြ င်းသာဖြစ်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု အထက်မြန်မာပြည်တာဝန်ခံ ဦးသိန်းအောင်မြင့်က ပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment