address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, November 15, 2013

ပြင်သစ် ပရိတ်သတ် များပင် လျှင် ရွှေဘောလုံး ဆု အတွက် မိမိထက် မက်ဆီ နှင့် စီရော်နယ်ဒို တို့ အား ပိုမို ရရှိစေ လိုနေ သည်ဟု ဆိုလာသည့် ရစ်ဘာရီ




15.11.2013

ဘေယန် မြူးနစ် အသင်း၏ ပြင်သစ် တောင်ပံ ကစား သမား ဖြစ်သူ ဖရန့် ရစ်ဘာရီ သည် ရွှေဘောလုံး ဆု အတွက် ရယူ ရန် စိတ်ဆန္ဒ ပြင်းပြ လျက် ရှိနေ သော်လည်း မိခင်မြေ ပြင်သစ် နိုင်ငံ မှ ပရိတ်သတ် များပင် လျှင် ထို ဆုအား မိမိ ထက် မက်ဆီ နှင့် စီရော်နယ်လ်ဒို တို့ အား ရရှိ စေလို နေသည်ဟု ခံစားမိ ကြောင်း ၊ထို့ အတွက် စိတ်ပျက်မိ ကြောင်း ညည်းတွား ပြော ဆိုသွားသည်။ အသက် (၃၀) အရွယ် ရှိ ရစ်ဘာ ရီ သည် ပြီးခဲ့ သည့် (၂၀၁၂-၂၀၁၃) ဘောလုံး ရာ သီတွင် ဘေယန် မြူးနစ် အသင်း အား စံချိန်တင် ဖလား သုံး လုံး အောင်မြင် မှု ရရှိအောင် အဓိက နေ ရာမှ ခြေစွမ်း ပြ ကစား ခဲ့ သော ကစားသမား ဖြစ်သည်။ သို့ရာ တွင်လဲ သူ၏ ရွှေဘောလုံး ဆု ရေပန်း စား မှု သည် နိုင်ငံ အသင်း ပရိတ် သတ် များကြား တွင်ပင် ဘာစီလိုနာ ကြယ်ပွင့် နှင့် ရီးရဲလ် မက်ဒရစ် အသင်း ၏ ကြယ်ပွင့် ကစား သမား နှစ်ဦး ထက် လျော့ နည်း နေသည်။

ရစ်ဘာရီက "ကျွန်တော် ဟာ ဒီ Ballon d'Or ဆုနဲ့ တကယ်ဘဲ မထိုက်တန် တဲ့ သူ လား ဗျာ။ ကျွန်တော့ အနေ ဖြင့် ဒိထက် ပိုတဲ့ အား ပေး မှု ရသင့် တယ်လို့ ထင်ပါတယ် "ဟူရ်ျ ညည်းတွား ပြောဆို ခဲ့သည်။ ဆက်လက်ပြီး ရစ်ဘာရီက "ကျွန်တော့ နိုင်ငံ ရဲ့ ပရိတ်သတ် တွေ ကတောင် မက်ဆီ နဲ့ စီရော်နယ်ဒို ကို ပို အထင်ကြီး အားပေး ကြတယ် လို့ ကျွန်တော် ခံစားမိတယ်။ ဒါဟာ ဘာကြောင့် လဲ လို့ ကျွန်တော် တကယ် အံ့သြမိ တယ်ဗျာ ...။ ကျွန်တော့ အနေ နဲ့ ပြီးခဲ့ နှစ်တုန်း က အကောင်းဆုံး ကစား နိုင်ခဲ့ တာပါ။ တရာသီ လုံး ကျွန်တော် ယုံကြည် မှု အပြည့် နဲ့ ခရီးဆက် ခဲ့ ပြီး ဖလား တွေ ကို သိမ်း ပိုက် နိုင် ခဲ့တယ်။ ဒါဟာ ကျွန်တော့ အတွက် ၊ကျွန်တော့ မိသား စု နဲ့ ကလေး တွေ အတွက် ဂုဏ်ယူ စရာ တခု ပါဘဲ " ဟူရ်ျ ပြောသွားခဲ့ သည်။

Ballon d'Or ဆုအတွက်လက်ရှိ စကာတင် (၂၃) ယောက်စာရင်း အား စကာတင် (၃) ဦးအထိ လျော့ချသွား မည် ဖြစ်ပြီး ဒီဇင်ဘာ လဆန်း ပိုင်းတွင် ထိုအခမ်း အနား အား ကျင်းပ သွားမည် ဖြစ်ပြီး ဆုရရှိသူ အား ဇန်န၀ါရီ လ( ၁၃) ရက် နေ့ တွင်ကြေငြာ သွားမည် ဖြစ်ကြောင်း သိရသည်။

FOOTBALL CAFE

No comments:

Post a Comment