address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, November 20, 2013

ရှမ်းပြည်တောင်ပိုင်းရှိ ဘိန်းစိုက်ခင်း ၁၃ ရာခိုင်နှုန်းသာ ဖျက်နိုင်သေး


20.11.2013

ဖျက်သိမ်းရန် သတ်မှတ်ကာလကို ဒီဇင်ဘာလအထိ ထပ်တိုး

ရှမ်းပြည်နယ် တောင်းပိုင်းရှိ ဘိန်းစိုက်ခင်းများကို တစ်လအတွင်း ဖျက်ဆီးရန် လျာထားသော်လည်း လက်ရှိတွင် ၁၃ ရာခိုင်နှုန်းသာ ဖျက်ဆီးနိုင်သေးသည့်အတွက် လျာထားရက်ကို တိုးမြှင့်သတ်မှတ်လိုက် သည်ဟု ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု ၂၅ မှ ဒု-ရဲမှူးအောင်စိုးကြိုင်က နိုဝင် ဘာ ၁၈ တွင် မဇ္ဈိမကို ပြောသည်။


ဘိန်းစိုက်ဧက ၃၀,၀၀၀ ကို အောက်တိုဘာ ၂၀ မှ နိုဝင်ဘာ ၂၀ အထိ တစ်လအတွင်း ဖျက်ဆီးပစ်ရန် လျာထားသော်လည်း ဧက ၄,၀၀၀ ကျော်သာ ဖျက်ဆီးနိုင်ခဲ့ခြင်းကြောင့် ဘိန်းစိုက်ခင်းများ ဖျက်သိမ်းရန် ကာလကို ဇန်န၀ါရီလအထိ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ဘိန်းခင်းများကို ဖျက်ဆီးရန် ရဲတပ်ဖွဲ့အင်အား မလုံလောက်ခြင်း၊ စိုက်ခင်းပိုင်ရှင်များကို အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နေရခြင်းများကြောင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်ဟုလည်း ဒု-ရဲမှူးက ပြော သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်မြို့နယ်များရှိ ဖျက်သိမ်းရန်ကျန်ရှိသည့် ဘိန်း စိုက်ခင်းပေါင်း ၂၅,၀၀၀ ရှိနေသည်။ ပင်လောင်းမြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၂၀ ရှိ ဘိန်းစိုက်ခင်း ဧက ၃၃၂၂ ဧက၊ ဖယ်ခုံမြို့နယ် ကျေးရွာ ၁၀ ရွာရှိ ဘိန်းစိုက်ခင်း ၅၉၀ ဧကနှင့် ဟိုပုံးမြို့နယ်ရှိ ကျေးရွာ ငါးရွာ မှ ဘိန်းစိုက်ခင်း ၇၁၈ ဧကကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သည်ဟု ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးမှ စာရင်းများ၌ ဖော်ပြထားသည်။

ယင်းသို့ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးမှုများရှိသော်လည်း အစားထိုးသီးနှံ စိုက်ပျိုးနိုင်မှု အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် အောင်မြင်မှုနည်းပါးလျက်ရှိသည်ဟု ဒု-ရဲမှူး အောင်ကြိုင် စိုးက ပြောသည်။

“အစားထိုးသီးနှံတွေ ပေးလည်း ဈေးကွက်မရှိတာနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် နောက်နှစ် ဘိန်းစိုက်ပျိုးတာကိုပဲ ပြန်လည် လုပ်ကိုင်နေကြတာ တွေ့ရတယ်”ဟု ပြောသည်။

၂၀၁၂-၂၀၁၃ တွင် ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ဧက၂၉,၄၁၈ ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ရှမ်း (တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၏ စာရင်းများ၌ ဖော်ပြထားသည်။

 Mizzima - News in Burmese 

No comments:

Post a Comment