address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, November 20, 2013

တောင်းဆိုမှုနှင့် လိုက်လျောမှုကြားမှာ လွန်ဆွဲနေဆဲ ပြည်တွင်းငြိမ်းချမ်းရေး




20.11.2013

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ပြည်သူတွေ စိတ်ကုန်ရမလို ဖြစ်နေ ပါပြီ။ အား လုံးေ မျှာ်လင့် ထားတဲ့အတိုင်း အကောင်အထည်မဖော်နိုင်သေးဘဲ တောင်းဆိုမှုနဲ့ လိုက်လျောမှုတွေကြားထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေးဟာ အေးစက်စက်ဖြစ်နေပြန်ပါတယ်။ တောင်းတဲ့သူတွေကလည်း ဖြစ်နိုင်လား မဖြစ် နိုင်လား မစဉ်း စားဘူး၊ လိုချင်တာမှန်သမျှ အကုန်တောင်းတယ်၊ ပေးတဲ့သူဘက်ကလည်း ပြည်သူကို ထော က်ထားငဲ့ညှာပြီး တောင်းသမျှအကုန်လုံး မဟုတ်ရင်တောင် တစ်ချို့တစ်ဝက်တော့ လိုက်လျောမှုတွေ ပြန်ေ ပးနေတာ တွေ့ရ ပါတယ်။

ဒါပေမယ့် ညှိလို့မရတဲ့အဖြေတွေနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း ကိုယ်ပိုင်တပ်မတော်နဲ့ ကိုယ်ပိုင်ပြည်နယ်ရရှိရေး တောင်းဆိုနေသလို၊ စီးပွာရေးတောင့်တင်းဖို့နဲ့ လူ၊ လက် နက် အင်အားတွေ တိုးချဲ့နိုင်ဖို့ ထပ်ပြီးကြိုးရှည်ရှည်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့အရာကြီးကို ဆွဲဆန့်ထားကြပြန် တယ်။ အခုလည်း ကြည့်လေ။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုပြီး တကြော်ကြော် အော်နေတဲ့ ကိစ္စ ကြီးက နိုင်ဝင်ဘာမှာ မဟုတ်ပြန်ဘူး၊ ဒီဇင်ဘာကို ရွှေ့သွားပြန်ပြီ။ ပျာသလောက် ဖွဲမထွက်မှ တော့ နောင် လုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲတွေကိုလည်း အယုံအကြည်ရှိဖို့ မသင်တော့်တော့ပါဘူး။

သူတို့စကားကို သူတို့ကိုယ်တိုင်တည်မှ မတည်တာ။ အစိုးရဘက်ကစပြီးပြောတုန်းက တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးကို အောက်တိုဘာမှာ လုပ်မယ်။ မလုပ်နိုင်ခဲ့ဘူး။ အကြောင်းပြတာက KIO နဲ့ ပြည်ေ ထာ င်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီးရင် တစ်နိုင်ငံလုံး အပစ်ရပ်ရေးမှာ KIO ပါဝင်လာနိုင်တာမို့ ရက်ရွှေ့တဲ့ သဘော ပါ။ KIO နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးတော့ကော လုပ်နိုင်ခဲ့လို့လား။ နိုဝင်ဘာမှာ လုပ်မယ်ဆိုပြီး ထပ်ပြော တယ်။

ဒီလိုနဲ့ လိုင်ဇာမှာ KIO နဲ့ UNFC တို့ ပူးပေါင်းပြီး လိုင်ဇာညီလာခံကျင်းပကြတယ်။ တစ်နိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေးအတွက် အကြိုတွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၂ ရက် နေ့အထိ ပြုလုပ်ခဲ့တယ်။ RCSS က လက်မှတ်မထိုးဘူး၊ UWSA (၀)အဖွဲ့နဲ့ NDAA (မိုင်းလား)အဖွဲ့ က မတက် ဘူး။ သူတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းတောင် ခွာပြဲနေတဲ့ကိစ္စ၊ ဘယ်လိုလုပ် အဆင်ပြေပါ တော့မလဲ။

မြစ်ကြီးနားမှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ လိုင်ဇာညီလာခံကပေါ်ထွက်လာတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့တို့ နိုဝင်ဘာ ၄ ရက်နေ့ကနေ ၆ ရက် အထိ တွေ့ဆုံခဲ့ကြတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲက နိုဝင်ဘာအစား ဒီဇင်ဘာကို ထပ် ရွှေ့လို က်ပြန်တယ်။ မရေရာမသေချာတဲ့ သဘောထားထုတ်ပြန်ချက်အချို့နဲ့သာ တွေ့ဆုံပွဲက အဆုံး သတ် ခဲ့ရပြန်တယ်။

ဒါဆိုရင် သူတို့ပြောတဲ့ ကရင်ပြည်နယ်ဘားအံမှာလုပ်မယ့် ဆွေးနွေးပွဲပြီးရင်ရော ပြည်တွင်းငြိမ်းချမ်းရေး အမှန် တကယ်ရမှာလား မေးစရာဖြစ်နေပါတယ်။ အဲဒီ ဒီဇင်ဘာမတိုင်ခင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံေ ရးပါတီက ကိုယ်စားလှယ်တွေ၊ UNFC အပါအ၀င် အခြားနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မြန်မာ့ငြိမ်း ချမ်း ရေးစင်တာ(MPC)တို့ နိုဝင်ဘာ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမိမြန်မာနိုင်ငံကနေ ခွဲမ ထွက် ရေးနဲ့ နိုင်ငံရဲ့အချုပ်အခြားအာဏာကို ထိပါးစေတဲ့ အကြောင်းအရာတွေ မလုပ်ဆောင်ရေးဆိုတဲ့ အချက်(၂) ချက်ကို ထည့်သွင်းဆွေးနွေးခွင့်မရှိကြောင်း နိုင်ငံတော်သမ္မတက ညွှန်ကြားထားတယ်ဆိုပြီး ဦးေ အာင်မင်း ကိုယ်တိုင် နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ တွေ့ဆုံတဲ့ ကမာရွတ်မြို့နယ်က မြန်မာ့ငြိမ်းချမ်းရေး စင်တာမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

လိုရင်းပြောရရင် မကြာမီ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲကရော ပြည်တွ င်းငြိ မ်းချမ်းရေး အတွက် အကျိုးရှိမယ့်ရလဒ်တစ်ခု ထွက်ပေါ်လာမလား ဒါမှမဟုတ် တောင်းဆိုမှုနဲ့ လိုက်လျော မှုတွေ ကြားထဲ မှာပဲ လွန်ဆွဲနေကြဦးမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

နေ၀န်းသစ်

No comments:

Post a Comment