address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, November 20, 2013

လွှတ်တော်ကိုယ်စားလှယ်ဘာလဲ၊ ဘယ်လဲ


20.11.2013

“ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဟု လွှတ်တော်ဆောင်ပုဒ်က ဆိုပါသည်။ လွှတ်တော်သည် ပြည်သူ့အကျိုး ဆောင်ရွက် ရုံမှတစ်ပါး အခြားမရှိ။


ဒီမိုကရေစီနိဒါန်းအဖွင့်တွင် လွှတ်တော်အခန်းကဏ္ဍ စစချင်းက လွှတ်တော်ကို အားမရသည့်အသံများ မြန်မာ့နိုင်ငံရေးလေ့လာသူများသာမက ပြည်သူများကြားတွင် လေသံကျယ်ခဲ့သည်။ ယင်းအပေါ်လွှတ် တော်ဥက္ကဋ္ဌတစ်ဦးအပါအ၀င် ကိုယ်စားလှယ်များကလွှတ်တော် အတွေ့အကြုံမရှိသေးကြောင်းအကြောင်း ပြချက်ပေးခဲ့ကြသည်။ လက်ရှိလွှတ်တော်သက်တမ်း သုံးနှစ်နီးပါးကာလမှာကော လွှတ်တော်အပေါ် အား ရကျေနပ် နိုင်ကြပါပြီလား။ အလွယ်တကူ ခေါင်းညိတ်ကြမည်တော့ မထင်ပါ။

မြန်မာ့နိုင်ငံရေးတွင် ပါတီထောင် ၊ လွှတ်တော်ထဲဝင်မှ နိုင်ငံရေးကိုပိုလုပ် နိုင်မည်၊ လုပ်ခွင့်သာမည်၊ ပြည်သူ့အတွက်ဖြစ်မည်ဟု ဆိုကြသည့် ကိုယ်စားလှယ်များ တကယ်တမ်းလွှတ်တော်ထဲရောက်တော့ တကယ် ပင် ပြည်သူအတွက် လုပ်နိုင်ပါပြီလား။ ကာယကံရှင်များ မိမိကိုယ်ကို အားမနာတမ်း မေးရပါလိမ့်မည်။

လွှတ်တော်အစည်းအဝေးအတွင်း မေးခွန်းများ၊ အဆိုများနှင့် ပတ်သက် ပြီး ပဂ်္ဂိုလ်ရေးဆန်သည့် အချက် များကိုလည်း လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း ကြားတွင်ပင်မေးခွန်းပြန်ထုတ်နေရသော မြန်မာနိုင်ငံ ၏လွှတ်တော် အခန်းကဏ္ဍသည် အမှန်တကယ်ပင် အားနည်းချက်ရှိခဲ့ပါသည်။

လွှတ်တော်ကျင်းပချိန်တွင် ကျောင်းသားတစ်ယောက်ကဲ့သို့ ခွင့်ယူပျက်ကွက်သည့် ကိုယ်စားလှယ်များ၊ လွှတ်တော်အစည်းအဝေးတွင် အိပ်ငိုက်ကောင်းနေသည့် ကိုယ်စားလှယ်များအတွက် “ပြည်သူ့အသံ၊ လွှတ်တော်အသံ” ဆိုသည့်ဆောင်ပုဒ်သည် တပ်မတော်အစိုးရလက်ထက် အလွယ်တကူ ထွက်လာသော ဆောင်ပုဒ်များသဖွယ် မေ့မေ့ပျောက်ပျောက် သဘောထားလိုက်ကြပုံရပါသည်။ လွှတ်တော်အစည်းအဝေး ရှစ်ကြိမ်ရောက်ရှိလာချိန်အထိ မေးခွန်းတစ်ခုမမေး၊ အဆိုတစ်ခုမတင်၊ ၀င်ရောက်ဆွေးနွေးခြင်းလည်းမရှိ၊ လွှတ်တော်အဆုံးအဖြတ်ယူရာတွင် ကြားနေတတ်သော ကိုယ်စားလှယ်များ လာမည့်လွှတ်တော်များတွင် ပြည်သူ့အတွက် အလုပ်လုပ်နိုင်ရန် သတိထားဖို့ လိုပါသည်။

လက်ရှိ လွှတ်တော်သုံးရပ် ရပ်နားထားချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအတွက် ပြည်သူ့အသံ နားထောင်ရမည့်အချိန် ဖြစ်ပါသည်။ ပြည်သူ့ အသံကြားဖို့ ပြည်သူနှင့် စကားပြောရမည်။ ပြည်သူများ၏ ဆင်းရဲဒုက်္ခကိုသိဖို့ ပြည်သူများဆီ အရောက်သွားရမည်။ လွှတ်တ်ာနားရက် ပြည်သူနှင့် မထိတွေ့သော ကိုယ်စားလှယ်တော်ကြီးများအဖို့ လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမရှိ၊ အဆိုမရှိဖြစ်ကာ အလုပ်မ လုပ်သော ကိုယ်စားလှယ်တော်အဖြစ် ပြည်သူများက မှတ်တမ်းတင်ထားမည်ဖြစ်ရာ၂၀၁၅ အရောက်တွင် အနားယူရကိန်းဆိုက်နိုင်ပါသည်။

ဆိုရလျှင် လက်ရှိလွှတ်တော်ထဲ ရောက်ရှိနေသည့် ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့ကိုယ်စားလှယ် ဖြစ်ရေးသည် အရေးကြီးပါသည်။ “ပြည်သူ့အရွေးချယ်ခံ” ဆိုသည့် အသံသာညံပြီး ပြည်သူကို အလုပ်အ ကျွေးပြုရန် မေ့လျှော့နေပါက နိုင်ငံအတွက်ပါ အချည်းအနှီး ဖြစ်လိမ့်မည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးရေးအတွက်လွှတ်တော် သဘောထား ဆန္ဒကောက်ခံစဉ်က ကန့်ကွက်သူမရှိ သဘောညီခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူကောင်းစားရေး၊ နိုင်ငံကောင်းစားရေး အဆိုတင်သည့်အခါများတွင် ကိုယ်ကျိုးရှောင်၊ ပါတီကျိုးရှောင်ကာ ကန့်ကွက်သူမရှိ သဘောထားညီဖို့တော့လိုပါသည်။

Mizzima - News in Burmese

No comments:

Post a Comment