address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 4, 2013

တံတားဦးလေဆိပ် စားသောက်ဆိုင်ခန်းမီးလောင် ဆိုင်ခန်းတန်ဖိုး ကျပ်သိန်း ၃၅၀ကျော် ဆုံးရှုံး


4.11.2013

မန္တလေးတိုင်း တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံ အပေါ်ထပ်ရှိ Escape Cafe & Bar စားသောက်ဆိုင်ခန်း ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာမှ စတင်ကာ နိုဝင်ဘာ ၄ရက် နံနက် ၁၂နာရီ၁၅တွင် လောင်ကျွမ်းခဲ့ရာ ကျပ်သိန်း ၃၅၀ဖိုး ဆုံးရှုံးခဲ့သည်ဟု မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။

ဆိုင်းအတွင်း ပစ္စည်းဆုံးရှုံးမှုတန်ဖိုးမှာ သိန်း၃၅၀ကျပ်ရှိပြီး လေဆိပ်အဆောက်အဦးဆုံးရှုံးမှုတန်ဖိုးအား ဌာနဆိုင်ရာ စုံးစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်တိုးက ပြောသည်။

မီးလောင်ကျွမ်းခြင်းကြောင့် လေဆိပ်မီးသတ်၃စီး၊ မီးသတ်ယာဉ်၉စီး၊ စုစုပေါင်း၁၃စီးဖြင့် သန္ဓေ၃၃ဦး အရန် ၂၆ဦး လေဆိပ်မီးသတ်၁၅ဦးစုစုပေါင်း ၇၄ဦးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက်၂နာရီတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းခြင်းကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းမှုမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲနေကြောင်း တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ် ဒု-အထွေထွေမန်နေဂျာ ဗိုလ်မှူးကျော်ဆန်းက မဇ္ဈိမကို ပြောသည်။

မီးလောင်မှုနှင့်ပတ်သက်၍ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲစခန်း မှ ဆိုင်တာဝန်ခံကို ပ -၃၆/၂၀၁၃/၂၈၅ ဖြင့်အရေးယူထားကြောင်းသိရသည်။

(မဇ္ဈိမသတင်းဌါန)

No comments:

Post a Comment