15.11.2013
မြန်မာမင်းသားများပါဝင်သည့် Myanmar Celebrities King အဖွဲ့နှင့် ထိုင်းနိုင်ငံမှ ထိုင်းမင်းသားများ ပါဝင်သောအဖွဲ့တို့သည် ချစ်ကြည်ရေးအနေဖြင့် ဒီဇင်ဘာလဆန်းတွင်ထိုင်းနိုင်ငံ၌ ဘောလုံးပွဲကျင်းပမည် ဖြစ်သည်။ ယင်းဘောလုံးပွဲကို ထိုင်းနိုင်ငံဘန်ကောက်တွင်ကစာြး ကရန် သတ်မှတ်ထားသော် ကစားကွင်းနေရာနှင့် ရက်အတိအကျကိုမသိရှိ ရသေးကြောင်းသရုပ်ဆောင်ကျော်ကျော်ဗိုက ဆိုသည်။
“ကိုကြံ့ (ကျော်ကျော်ဗို)တို့ကို ဟိုဘက်ကဆက်သွယ်လာတာနှစ်လခန့်ရှိ ပါပြီ။ ဒီတော့ သူတို့ဆီကမင်း သားတွေနဲ့ ကန်ရမှာဆိုတော့ အခုလိုနာမည်ကို ပေးလိုက်ကြရတာပါ။ ဒီပွဲမှာ ဘယ်သူကအသင်း ခေါင်းဆောင်ဆိုပြီး ရွေးချယ်တာတွေရော၊ နောက်ပြီး ဘယ်သူကဘယ်လိုတာဝန်ယူရမယ်ဆိုတာလည်း မသိ ရသေးပါဘူး။ အားလုံးကတော့ အကောင်းဆုံးကစားသွားမှာပါ။ နောက်ပြီး အစ်ကိုတို့ မင်းသားတွေချည်း ပဲလည်းမဟုတ်ဘူး။ နောက်ထပ် အဆိုတော်တွေလည်း ပါသေးတယ်”ဟု ၎င်းက ပြောသည်။
ယင်းဘောလုံးပွဲနှင့်အတူ မြန်မာအနုပညာရှင်များသည် ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့်  ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို ပညာပေးခြင်း၊ ဟောပြောခြင်း၊ ဖျော်ဖြေခြင်းများကို ဆောင်ရွက်ကြမည်ဖြစ် သည်။
ယင်းဖျော်ဖြေပွဲကို ထိုင်းနိုင်ငံရှိအလုပ်သမားဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှLazy club မန်နေဂျာ ကိုစိုးနိုင်ထွန်းက တာဝန်ယူလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံရှိမင်းသားများ ချစ် ကြည်ရေးဘောလုံးပွဲတွင် Lazy club တီးဝိုင်းနှင့်အတူ ထိုင်းနိုင်ငံရှိတီးဝိုင်းတစ်ဝိုင်းမှလည်း တင်ဆက်ဖျော်ဖြေမည်ဖြစ်သည်။ ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ Lazy club တီးဝိုင်းနှင့်အတူ အဆိုတော်များ၊ တခြား သောနာမည်ရ အနုပညာရှင်များသည်လည်း လိုက်ပါကြမည်ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment