6.11.2103
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်း တွင်းသင်းတိုက်ဝန် ဦးထွန်းညွန့်လမ်းနှင့် ပန်းတဉ်းဝန်ဦးရွှေဘင် လမ်းထောင့်ရှိ ပွင့်ဦးမွေ့ယာနှင့် ပရိဘောဂစက်ရုံတွင် နံနက်(၆း၀၀)နာရီ ၀န်းကျင်တွင် ၀ါယာရှော့မှ တဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၁၀၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း တာဝန်ရှိသူ စက်ရုံမှူးတစ်ဦးထံမှ သိရသည်။
အဆိုပါ မီးလောင်မှုမှာ ပရိဘောဂနှင့် မွေ့ယာများ သိမ်းဆည်းသည့် ပေ ၁၀၀ x ၁၆၀ ပတ်လည်ရှိ ဂိုထောင်၏ အောက်ထပ် ပရိဘောဂအထပ်မှ ၀ါယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးတွဲလျက် ဂိုထောင်သို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
“စလောင်တဲ့အချိန်က ၆ နာ၇ီ ၁၅လောက်က စလောင်တာ၊ အစ်ကိုတို့ဆီကို ၆နာရီခွဲလောက်မှာ သတင်း ရောက်တယ်။ ၆နာ၇ီ ၄၅လောက်မှ အကိုတို့ မီးသတ်ကားတွေ အစုံရောက်လာတယ။် မီးတောက်က တော်တော် ကောင်းနေပြီ ၀ါယာလျှော့ကနေ ကူးစက်လောင်ကျွမ်းတယ်လို့ ယူဆရတယ်။” ဟု ဒဂုံအရှေ့ပိုင်း မြို့နယ် မီးသတ်ဦးစီးဋ္ဌာနမှ မီးသတ်ဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်သည့် ဂိုထောင်သို့ မီးငြှိမ်းသတ်ယာဉ်နှင့် အကူယာဉ်စုစုပေါင်း ၅၆စီး လာရောက် ငြှိမ်းသတ် ခဲ့ပြီး နံနက် (၉း၁၅) နာရီခန့်တွင် မီးညွှန့်ကျိုးကာ (၉း၅၀)နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။
“စက်ရုံက ကလေးတွေ လာပြောတဲ့ အချိန်က ၆နာ၇ီကျော်ကျော်လေးပဲရှိဦးမယ်၊ အဲ့ဒီအချိန်မှာ မီးခိုးနည်းနည်း ထွက်နေပြီ ဒါနဲ့ မီးသတ်ကို အကြောင်းကြားလိုက်ရတာ” ဟု မီးလောင်ခဲ့သည့် စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် ကျပ်သိန်းတစ်ထောင်ခန့် ဆုံးရှုံးကြောင်း၊ အသေးစိတ်တွက်ချက်မှုကို ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် မွေ့ယာနှင့် ပရိဘောဂ ဂိုထောင်နှစ်လုံးသာ မီးလောင်ပျက်စီးခဲ့ ကြောင်း၊ ဂိုထောင်အနီးရှိ သစ်လုံးများသို့ ကူးစက်မှုမရှိခဲ့ကြောင်း သိရသည်
မီးလောင်မှုအား အသေးစိတ်သိရှိရန် ဆက်လက်စုံစမ်းမည်ဖြစ်ကြောင်း၊ ယင်းစက်ရုံမှ တာဝန်ရှိသူများအား ခေါ်ဆောင်ထားပြီးဖြစ်ကြောင်း၊ ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒဂုံမြောက်ပိုင်းရဲမှူး ကျော်စိုးက ပြောသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဒဂုံအရှေ့ပိုင်းမြို့နယ်ရဲစခန်းမှ (ပ)၅၃၈/၂၀၁၃ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။
Myit Ma Kha Media Group

No comments:
Post a Comment