တနင်္လာနေ့က Burma’s ‘God’s Army’ Twins Reunite, Seek Comrades
ခေါင်းစဉ်တပ် ဧရာဝတီသတင်းတပုဒ် မှာ အဲဒီလိုရေးထားတာပါ၊ ဂျော်နီထူး၊
လူသာထူးတို့ဟာ သေနတ်ပီးတယ်၊ မြေမြှုပ်မိုင်းဘေးကနေ
လွတ်ကင်းနိုင်တဲ့ သူတွေအဖြစ် တချိန်က ထိုင်းမြန်မာနယ်စပ်မှာ ထင်ရှားသူတွေပါ၊
သူတို့ကို ယုံကြည်၊ အားကိုးအားထားပြုသူတွေ အများအပြားရှိပါတယ်၊
သူတို့နောက်လိုက်တဲ့ လက်နက်ကိုင်အင်အားလည်း မနည်းမနောပါပဲ။
နောက်ပိုင်းမှာတော့ အဲဒီ နောက်လိုက်တွေ အများအပြား မြန်မာအစိုးရတပ်တွေဆီမှာ လက်နက်ချပါတယ်။ လူသာထူး လည်း အပါအ၀င်ပေါ့။
"စစ်တိုက်တယ် ဆိုတာက ပျော်စရာ မကောင်းပါဘူး။ အခုဆို
ကျနော် သေမှာ ကြောက်တတ်သူ ဖြစ်နေပြီ။ သိလား...မဖြစ်မနေ တိုက်ရမယ် ဆိုတဲ့
အခြေအနေနဲ့ မကြုံမချင်း ဘယ်သူမှ စစ်တိုက်ချင်ကြတာ မဟုတ်ဘူး" လို့ လူသာက
ပြောပါတယ်။
သူတို့ ထင်ပေါ်လာချိန်က ၁၉၉၇ ဝန်းကျင်ပါ။ KNU ကနေ သေနတ်
၇ လက် ရတယ်။ လူအင်အားကလည်း ၇ ယောက်။ အစိုးရတပ်ကို အဲဒီအင်အားနဲ့ အာခံတယ်၊
တိုက်ပွဲတွေ မတိုင်ခင် ဆုတောင်းတယ်၊ တိုက်တယ်၊ နိုင်တယ် လို့ သူက
ရှင်းပြပါတယ်။
သူတို့ရဲ့ပုံရိပ်တွေ မီဒီယာမှာ အတော်များများ ဖော်ပြခဲ့ပြီးပါပြီ။အထင်ရှားဆုံးကတော့ အထက်မှာ ဖော်ပြ ထား တဲ့ ပုံ ဖြစ်ပါလိမ့်မယ်။ AP သတင်းဌာန ဓာတ်ပုံဆရာ Apichart Weerawong ရဲ့ လက်ရာပါ။အဲဒီတုန်းက သူ တို့ အသက်က ၁၂ နှစ် ဖြစ်ပါတယ်။
လူသာက အခုတော့ ဆွီဒင်မှာ ပညာသင်နေပါတယ်။ economics, history, liberal arts အစရှိသော ဘာသာ ရပ်များပါ။အဲဒီမှာပဲ ကရင်အမျိုးသမီးတဦးနဲ့ အိမ်ထောင်ကျတယ်၊ ကလေးတယောက် ရတယ်၊ အိမ်ထောင်ကွဲတယ်၊ ကလေးက မိခင်နဲ့ နေတယ်လို့ ဆိုတယ်။
လူသာထူးက မြန်မာအစိုးရဆီမှာ လက်နက်ချပြီး နောက် တနှစ်မှာ နယ်စပ်
ပြန်ရောက်လာတယ်၊ (အစိုးရဘက်က ပေးတဲ့ အလုပ်အကိုင်မက်လုံးတွေတွေက အင်တွေ လို့
သဘောပေါက်ပြီး နယ်စပ်ပြန်တာဖြစ်ပုံရပါတယ်)လက် နက် ချတယ် ဆိုတာကလည်း သူတို့ လက်နက် မဟုတ်ဘူး၊ လက်နက်ချပွဲအတွက် အစိုးရက ပို့ပေးတဲ့ လက်နက်တွေလို့ ဆိုတယ်။ သေပြီဆရာ...
ဆိုခဲ့သလိုပဲ လူသာထူးက နယူးဇီလန်ရောက် မိသားစုဝင်တို့နဲ့ ဆုံတွေ့ရေးအတွက် ဆက်လက် ဆောင်ရွက်နေပါတယ်။
ဧရာဝတီ
No comments:
Post a Comment