6.11.2013
ထိုင်းမြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ အခမဲ့ ဆေးကုသမှုပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်ကို 2013 Sydney Peace Prize ဆစ်ဒနီငြိမ်းချမ်းဆု ချီးမြှင့်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပေမယ့် လက်တွေ့မှာတော့ ဒုက္ခသည်တွေအတွက် အပြောင်းအလဲသိပ်မတွေ့ရဘူးလို့ ဒေါက်တာ စင်သီယာမောင်က ရေဒီယို သြစတြေးလျကို ဆစ်ဒနီရောက်ခိုက်မှာ ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးဆိုင်ရာ ကူညီမှုတွေဟာ တိုးတက်လာပေမယ့် အခက်အခဲတွေ အများကြီး ဆက်ပြီး ရှိနေသေးတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ဒေါက်တာစင်သီယာမောင်ရဲ့ စွမ်းဆောင်နိုင်မှုဟာ အာရှပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သလို သမားတော်တယောက်ရဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေအတွက် လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံး ပြတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အာရှ ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေး၊ မျှတရေး နဲ့ လူ့အခွင့်အရေး ဆိုင်ရာ ထူးချွန်ဆုပေးဖို့ ၁၉၉၈ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ Sydney Peace Foundation က ကြေညာခဲ့ပါတယ်။
ဒေါက်တာ စင်သီယာမောင်ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ဆစ်ဒနီငြိမ်းချမ်းရေးဆုဆိုင်ရာ သင်္ခန်းစာကို ဆစ်ဒနီ မြို့တော်ခန်းမမှာ ပို့ချပေးမယ်လို့ သိရပါတယ်။
ABC Radio Australia
No comments:
Post a Comment