address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 2, 2014

သာယာဝတီမြို့နယ် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် လိပ်အင်း ကျေးရွာ၌ ဇန်နဝါရီ (၁) ရက် နံနက် (၈)နာရီက ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ကရင်နှစ်သစ်ကူး ပွဲတော်ကို ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဌ၊
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး၊ ပဲခူးတိုင်း ဒေသကြီး စီမံဘဏ္ဍာ ၀န်ကြီး၊ ပဲခူးတိုင်း ဒေသကြီး တိုင်းရင်းသား ရေးရာ ကော်မတီဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ပဲခူးတိုင်း ဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ သာယာဝတီခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ဒေသခံ ကရင်တိုင်းရင်းသားများနှင့် ပြည်သူများ စုံညီစွာ တက်ရောက်ကြပါသည်။

အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီးတို့က အမှာစကားပြောကြားပြီး ကရင်တိုင်းရင်းသား တစ်ဦးက ရိုးရာစောင်းဖြင့် သီဆိုဖျော်ဖြေပါသည်။ ထို့နောက် ပျော်ပွဲရွှင်ပွဲများတွင် ဆုရရှိသူများ နှင့်အခြေခံပညာအထက်တန်းတွင် အောင်မြင်ကြသည့် ကရင်တိုင်းရင်းသား လူငယ်မောင်မယ် များအား အသီးသီးဆုချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရပါသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment