address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 2, 2014

ကမမောင်း ကရင် နှစ်သစ်ကူးပွဲတော် မိုးပျံပူဖောင်း ဂက်စ်အိုးပေါက်၊ ကလေးငါးဦးသေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကမမောင်းမြို့နယ် အမှတ် (၄) ရပ်ကွက် ကိုးနဝင်း ဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာလ ၃၁ ရက်ည ၁၁ နာရီ ၄၅ မိနစ်က ကရင် နှစ်သစ်ကူး အကြိုပွဲတော် ကျင်းပနေစဉ် မိုးပျံပူဖောင်း ဂက်စ်အိုး ပေါက်ကွဲခဲ့ရာမှ အသက် ၁၅ နှစ်အောက် ကိုရင်တစ်ပါး အပါအဝင် အသက် ၇ နှစ်မှ ၁၅ နှစ်ကြား
ကလေးငါးဦး သေဆုံးခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ ဦးစောစံညွှန့်က The Voice သို့ ပြောကြားသည်။

“ပေါက်ကွဲမှု ဖြစ်ပြီး ပွဲခင်းထဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး ပွဲခင်းက ခြောက်ကပ်ပြီး အလောင်း သုံးလောင်း တွေ့တယ်၊ ဒဏ်ရာရတဲ့ လူခြောက်ဦးထဲမှ ဆေးရုံရောက်မှ နှစ်ယောက် ထပ်ဆုံးသွားတယ်” ဟု လူနာများကို ဆေးရုံသို့ လိုက်လံ ပို့ဆောင်ခဲ့သူ ဦးစောစံညွှန့်က ရှင်းပြသည်။
အဆိုပါ ပွဲတော်တွင် ထက်ကောင်းကင် ဇာတ်သဘင်ကပြ ဖျော်ဖြေနေသည့် နေရာအနီးတွင် မိုးပျံပူဖောင်း ရောင်းသူ အမျိုးသားတစ်ဦး၏ ဂက်စ်အိုး အဆို့ပွင့်ပြီး အပေါ်သို့ တက်သွားကြောင်း၊ ယင်းနောက် ပွဲခင်းထဲသို့ ဂက်စ်အိုး ပြုတ်ကျလာပြီးနောက် ပေါက်ကွဲ ခဲ့ကြောင်း ကမမောင်း မြို့နယ်တွင် နေထိုင်သူ ဦးစောစံညွန့်က ၎င်း၏ တွေ့ရှိခဲ့မှုကို ပြန်လည် ဖြေကြားသည်။

ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါး၊ ယောက်ျာလေးနှစ်ဦး၊ မိန်းကလေး နှစ်ဦးတို့ နေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး အပါအဝင် စုစုပေါင်း လေးဦးကို ကမမောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တင်ပို့ ကုသထားပြီး လူနာများမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
“မနေ့က လူသုံးထောင်လောက် ရှိပေမယ့် ဒီနေ့ ဒုံးယိမ်းပြိုင်ပွဲ လာကြည့်တဲ့သူ ၁၀၀ ကျော်လောက်ပဲ ရှိတော့တယ်” ဟု ဦးစောစံညွန့်က ပြောကြားသည်။

အဆိုပါ ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် မိုးပျံပူဖောင်း ရောင်းသူ အဒူဇာဟစ် (ခ) စိုးစိုးကို ဖမ်းဆီးကာ (ပ) ၂/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၈၆/၃၀၄ (က)/၃၃၈ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment