address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, January 19, 2014

အေပီနှင့် ဧရာဝတီ သတင်းဌာနတို့က ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းမှားများ ထုတ်လွှင့်ဖော်ပြ


19.1.2014

ဇန်နဝါရီ ၁၃ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ရဲတပ်ကြပ်ကြီး တစ်ဦး ပျောက်ဆုံးမှု သတင်းနှင့် ပတ်သက်၍ သတင်းဆက် အဖြစ် အေပီသတင်း ဌာနက ''မောင်တော ဒေသတွင် ရိုဟင်ဂျာမိန်းမနှင့် ကလေးများမှာ ဓားဖြင့် အခုတ်ခံရကြောင်း၊ သို့သော် အရေအတွက် များစွာ ကွဲလွဲလျက် ရှိကြောင်း၊ အချို့သတင်း ရပ်ကွက်များ က သေဆုံးသူ ငါးယောက်မှ ၁ဝ ယောက် အတွင်းသာ သတ်မှတ်ကြသော်လည်း မောင်တောမြို့နယ် ဒေသခံတစ်ဦး၏ အဆိုအရ သေဆုံးသူ ၄ဝ ခန့်ရှိကြောင်း၊ သေဆုံးသူ အချို့၏ ဒဏ်ရာများမှာ ဓားဒဏ်ရာများသာ ဖြစ်ကြောင်း၊ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း၊ ရိုက်သတ်ခံရခြင်း မတွေ့ရကြောင်း၊ သို့ဖြစ်ရာ ရခိုင် ဗုဒ္ဓဘာသာတို့၏ လက်ချက် သာ ဖြစ်နိုင်ပြီး တပ် သို့မဟုတ် ရဲတို့၏ လက်ချက်မဖြစ် နိုင်ကြောင်း'' စသည်ဖြင့် သတင်း ရရှိကြောင်း ဖော်ပြထားသည်။

အလားတူ ဧရာဝတီ သတင်းဌာနက ဖော်ပြရာတွင် ''ပူးပေါင်း တပ်ဖွဲ့ဝင်များနှင့် ရခိုင်ရွာ သားများက အဆိုပါရွာ အတွင်းအိမ်များစွာကို လုယက်ခဲ့ကြောင်း၊ ယောက်ျားများမှာ ထွက်ပြေးကြ သဖြင့် မိန်းမနှင့် ကလေးများ အသတ်ခံခဲ့ရကြောင်း၊ အချို့အမျိုးသမီးများ မတရားပြုကျင့် ခံခဲ့ရကြောင်း၊ သေဆုံးသူ တိတိကျကျ မသိနိုင်သော်လည်း ရရှိသော သတင်းများ အရ သေဆုံးသူ ၁ဝ ဦးမှ ၆ဝ အတွင်း ဖြစ်ကြောင်း၊ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းမျိုး မဟုတ်ဘဲ ဓားဒဏ်ရာဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ မောင်တောဒေသတွင် လုံခြုံရေး တာဝန် ထမ်းဆောင် နေသော ရဲမှူးချုပ် တင်ကိုကိုအား ဆက်သွယ်မေးမြန်းရာ ၄င်းက ''ယင်းသတင်း ဌာနများ ၏ ဖော်ပြချက်သည် လုံးဝမှန်ကန်မှု မရှိကြောင်း၊ ဤဒေသတစ်ဝိုက်တွင် တည်ငြိမ်မှု ရှိနေကြောင်း၊ ယင်းသို့ ဖော်ပြချက်များမှာ ဆူပူမှုဖြစ်ပွားရန် အတွက်သွေးထိုး လှုံ့ဆော်သော သတင်းအမှား များသာ ဖြစ်ကြောင်း'' ပြန်လည် ဖြေကြားခဲ့သည်။ အေပီသတင်းဌာနနှင့် ဧရာဝတီ သတင်း ဌာနတို့၏ ဖော်ပြချက်တွင် ပါရှိသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကြောင့် သတ်ဖြတ်ခြင်း ခံရသည်ဟု ဆိုလိုရာ ရောက်သော ရေးသားချက်များမှာ သွေးထိုးလှုံ့ဆော်မှု ပြုသော သတင်းအရေးအသား များ ဖြစ်ကြောင်း တွေ့ရှိရသည်။

MWD

No comments:

Post a Comment