12.11.2013
ယခုလ ၆ရက်မှစတင်၍ လေးည တိုင်တိုင် ကရင်ပြည်နယ် ဘားအံမြို့သီရိ ကွင်း၌(၅၈)နှစ်မြောက် ကရင်ပြည်နယ် အထိမ်းအမှတ်ပွဲတော်တွင် ဇွဲကပင် တောင်ကေဘယ်လ်ကားစီမံကိန်း ဖြစ် မြောက်ရေးအတွက် ရန်ပုံငွေရှာဖွေရေး အဖြစ် ဂီတ၊ သဘင်၊ ရုပ်ရှင်မှ အနုပညာ ရှင်များက တေးသီချင်းများ၊ ပြဇာတ်နှင့် အခြားသောအနုပညာဖျော်ဖြေမှုများဖြင့် သီဆို ဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါဖျော်ဖြေပွဲတွင်IC တေးဂီတ အဖွဲ့နှင့်မြန်မာ့ဇာတ်သဘင်မှ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း၊ အဂ္ဂမိုးဝင်းတို့နှင့် အတူ တေးသံရှင်စိုးပိုင်၊ ဖိုးကာ၊ ဟဲလေး၊ ကျော်ကျော်ဗို၊ ဇင်ဝိုင်း၊ ရာဇာနေဝင်း၊ ဝေဠုကျော်၊ ဖြိုးငွေစိုး၊ အောင်ရဲလင်း၊ မင်းသွေး၊ မိုးမင်း၊ နောနော်၊ ကော်နီ၊ ချောစုခင်၊ ချစ်သုဝေ၊ ဖွေးဖွေး၊ မိုးယုစံ၊ မေကဗျာ၊ စိုးပြည့်သဇင်၊ ဂျင်းနီ၊ နန်းခင် မွှေးတို့ကဖျော်ဖြေခဲ့ပြီး ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)၏ ပြဇာတ် ကိုလည်း ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် များစွာက အနုပညာကြေး မသတ်မှတ်ဘဲ ကုသိုလ်အဖြစ် ပါဝင်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါပွဲနှင့်ပတ်သက်၍ အနုပညာ ရှင်များဖြစ်ကြသော အကယ်ဒမီဇင်ဝိုင်း၊ ကော်နီ၊ ချောစုခင်နှင့် တင်ဇာမိုးဝင်းတို့က အခုလိုပဲပြောကြားခဲ့ကြသည်။
ဇင်ဝိုင်း
======
ဒီပွဲမှာပါဝင်ဖြစ်ခဲ့ရတာ တကယ်ကို ဂုဏ်ယူမဆုံးပါဘူး။ ကျွန်တော်ဘန်ကောက် ကို ဆေးကုသမှုခံယူဖို့မသွားမီပါဝင်ရတဲ့ အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ဒီလကုန်လောက်ဆို ကျွန်တော့်ကျန်းမာ ရေးအရ ဆေးကုသမှုခံယူရတော့မယ်။ ကျွန်တော်ကံကောင်းတယ်လို့ပဲ ပြောရ မယ်ဗျာ။ ဘာလို့လဲဆို ကျွန်တော်တို့ နိုင်ငံရဲ့ အထူးခြားဆုံး၊ တန်ခိုးအရှိဆုံး ဘုရားရှင်ရဲ့ဆံတော်ရှင်ကိန်းဝပ်ပူဇော် ထားတဲ့ ဒီဇွဲကပင်တောင်ကြီးကို အများ ပြည်သူဖူးမြော်နိုင်ရန်အတွက် စေတနာ ထားပြီး လုပ်အားပေးကြတဲ့သူတွေထဲမှာ ကျွန်တော်ပါဝင်ခဲ့ရလို့ပါပဲ။ မရည်ရွယ် ဘဲ ပါဝင်ဖြစ်ခဲ့တယ်။ ကိုယ်တတ်တဲ့ ပညာနဲ့ဒါနပြုရတယ်။ အားလုံးကိုလဲ ကျွန်တော် တိုက်တွန်းပါတယ်။ ကုသိုလ် ယူဖို့လဲ ဖိတ်ခေါ်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့လို စိတ်တူ ကိုယ်တူအနု ပညာရှင်မောင်နှမတွေ ကိုယ်တတ်ထားတဲ့ ပညာနဲ့သာသနာပြုကြတယ်။ တခြား မပါဝင်ဖြစ်သေးတဲ့သူတွေကိုလဲ ပါဝင် ကြဖို့ဖိတ်ခေါ်ပါတယ်။
ကော်နီ
====
မကော်က ဒီပွဲလေးကို အရမ်းလဲ စိတ်ဝင်စားတယ်။ မကော်ကို ပါဝင်ဖို့ ပြောကြတယ်။ ကမ်းလှမ်းကြတယ်။ ကိုယ်ကလဲ နဂိုကတည်းက ဒီလိုပွဲတွေဆို အမြဲတမ်းပါဝင်ဖြစ်နေကျလေ။ အနု ပညာကြေးဘာတစ်ခုမှမကြည့်ဘဲ အစ်မ အမြဲပါဝင်ဖြစ်တယ်။ ဘယ်နေရာ၊ ဘယ် ဒေသပဲဖြစ်ဖြစ် မကော် ပရဟိတနဲ့အလှူ ဆို အမြဲပါဝင်ဖြစ်ပါတယ်။ ကိုယ်တတ် စွမ်းတဲ့ပညာနဲ့ ဒါနပြုရတယ်။ ကုသိုလ် လဲရ၊ ဝမ်းလဲဝပေါ့နော်။ ဒီလို ကုသိုလ်က ကြုံခေါင့်ကြုံခဲကုသိုလ်ထူးပါပဲ။ ဘာလို့ လဲဆို ဘုရားရှင်ရဲ့ဆံတော်ကို ကိုးကွယ် ပူဇော်ပြီးတည်ထားလို့ တကယ့်ကို တန်ခိုးကြီးပါတယ်။ ဒီလိုတန်ခိုးကြီး စေတီတော်ကိုပေပေါင်းများစွာမှာ တည် ထားတာကိုက တကယ့်ကိုအံ့မခန်းပါပဲ။ အရင်က ဒီလိုနေရာတွေကိုရောက်ဖို့ မလွယ်ဘူး။ အခုလိုကေဘယ်လ်ကားနဲ့ ဆံတော်ရှင်ကို အများပြည်သူဖူးမြော်ရ တော့မယ်ဆိုတော့ တကယ်ကိုဝမ်းသာ ပါတယ်။ ဒီလိုအလှူဒါနထဲမှာ မကော်လဲ ပါဝင်ဖြစ်တယ်ဆိုတော့ ကိုယ်တစ်ချိန် အသက်ကြီးရင် သြော် ငါဒီစီမံကိန်းကြီး မှာ ငါတတ်ထားတဲ့ပညာနဲ့ပါဝင်လှူဒါန်း ခဲ့ပါလားဆိုပြီး ပီတိဖြစ်ချင်လို့ပါ။
ချောစုခင်
======
ချောစုက ဗုဒ္ဓဘာသာဝင်တစ်ယောက် မဟုတ်ပေမယ့် ဘာသာရေး၊သာသနာရေး အတွက်၊ လူမျိုးအတွက်ဆို ကိုယ့်အတွက် ဘာတစ်ခုမှမကြည့်ဘဲချောစုပါဝင်တယ်။ မကော်ရဲ့တိုက်တွန်းမှုကြောင့် ချောစု ဒီ ဇွဲကပင်တောင် ကေဘယ်လ်ကားဖြစ်
မြောက်ရေးဖျော်ဖြေပွဲမှာပါဝင်ဖြစ်ခဲ့ တယ်။ ထင်တောင်မထင်ထားဘူး။ ကရင်ပြည်နယ်ကြီးတကယ်ကို ငြိမ်းချမ်း မှုတွေရှိနေတာကိုတွေ့ရတော့ ဝမ်းသာ ပါတယ်။ အရင်ကလို သေနတ်သံတွေ ဘာသံတွေမကြားရတော့ဘူး။ ယမ်းငွေ့ တွေဆိုတာလဲမတွေ့ရတော့ဘူး။ ချောစု မြင်ရတဲ့ မြင်ကွင်းတွေကလဲ မယုံကြည် နိုင်လောက်အောင်ပါပဲ။ ဒီစီမံကိန်းပြီးသွား ရင် ချောစုလာဖူးဖို့ဆုံးဖြတ်ထားပါတယ်။
တင်ဇာမိုးဝင်း
=========
သမီးတို့တစ်မိသားစုလုံး ဒီစီမံကိန်း ဖြစ်မြောက်ရေးမှာ အားတက်သရော ပါဝင်ခဲ့ကြတယ်။ အထူးသဖြင့် ဖေဖေ၊ ဖေဖေကဒီစီမံကိန်းမှာ အနုပညာကြေး ဘာတစ်ခုမှမယူဘဲ ကိုယ်တတ်တဲ့အနု ပညာအားနဲ့လှူဒါန်းမှုမှာ ပါဝင်ဖြစ်ခဲ့ပါ တယ်။ သမီးတို့အဘိုးကလဲ ကရင်လူမျိုး တစ်ဦးဖြစ်တယ်။ သမီးတို့ကလဲ ကရင် သွေးတွေ စီးဆင်းနေတယ်။ ဒီစီမံကိန်းမှာ ပါရမယ်ဆိုတော့ အလိုလိုတက်ကြွနေ တာပဲ။ ပင်ပန်းမှုဆိုတာ ဘာတစ်ခုမှကို မရှိဘူး။ ကိုယ့်ဘဝအတွက် မှတ်တိုင် တစ်ခုကိုစိုက်ထူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူ ဝမ်းသာပါတယ်ဟုပြောကြားခဲ့ကြသည်။
The Union Daily
No comments:
Post a Comment