12.11.2013
မြန်မာ ကိုယ်စားပြုအလှမယ် မိုးစက်ဝိုင် မှာ ဆုရရှိခဲ့ခြင်း မရှိခဲ့သော်လည်း မြန်မာပြည်သို့ ပြန်လာရာတွင် ပရိသတ် အများအပြားလာရောက်ကြိုဆိုအားပေးခဲ့ကြကြောင်း သိ ရသည်။
မယ်စကြဝဠာပြိုင်ပွဲကြီးတွင် ဆုများရယူနိုင်ခဲ့ခြင်းမရှိသော် လည်း ပြိုင်ပွဲ အတွင်း အပင်ပန်းခံ ၍ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ခြင်း၊ နောက်ဆုံးအဆင့် ဆန်ခါတင် ၁၆ ဦးတွင် ရွေးချယ်ခြင်းမခံရသော် လည်း နိုင်ငံတကာ တွင် မြန်မာ ဟူ၍ အသိအမှတ်ပြုခံရေးအတွက် ကြိုးစားယှဉ်ပြိုင်ခဲ့ခြင်း တို့ကြောင့် People Choice Award ဆုအား ရယူနိုင်ခဲ့ကြောင်း သိရသည်။
မိုးစက်ဝိုင်က''ဒီနေ့လူတွေ အများကြီး မိုးစက်ကိုလာကြိုကြ လိမ့်မယ်လို့ ထင်မထားသလို မျှော် လဲ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ မိုးစက်ကိုအားလုံးက အပြစ်မမြင် ဘဲနဲ့ အားပေးနေတဲ့အတွက် မိုးစက် ကျေးဇူးတင်ပါ တယ်။ နောက် ပိုင်း မှာလဲ မိုးစက်တတ်နိုင်တာအားလုံး ကို နိုင်ငံအတွက် မိုးစက်ကို အား ပေးနေတဲ့ ပရိသတ်ကြီးအတွက် ကြိုးစားသွားမှာပါ''ဟု ပြောသည်။
မိုးစက်ဝိုင်ပြိုင်ပွဲဝင်နေစဉ် ကာလများတွင် အင်တာနက်မဲ အများဆုံးဖြင့် ရပ်တည်နေခဲ့ပြီး မြန်မာပရိသတ်များမှာ ဆုတစ်ခုခု အား ရယူနိုင်ခဲ့လိမ့်မည် ဟု ထင် မှတ်ထားသော်လည်း နောက်ဆုံး အဆင့် ၁၆ယောက် ရွေးချယ်မှု တွင် မပါဝင်ခဲ့ခြင်းကြောင့် ဆုမရ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နန်းခင်ဇေယျာက ''မိုးစက် ဝိုင် ဆုတွေမရရှိပေမယ့်လဲ ဒီ ပြိုင်ပွဲက မြန်မာနိုင်ငံ အတွက် နှစ် ပေါင်း ၅၀ ကျော်ကြာပြီးတော့မှ ပထမဦးဆုံးယှဉ်ပြိုင်ခွင့်ရရှိတဲ့ ပြိုင်ပွဲတစ်ခုဖြစ်သလို နိုင်ငံတွေ အများကြီးထဲမှာ မြန်မာဆိုတာကို အသိအမှတ်ပြုခံရအောင် သူက အများကြီးအပင်ပန်းခံပြီးတော့ ကြိုးစားယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီ အတွက် ဆုမရရင်လဲ သူ့အတွက် မြန်မာလူမျိုးအားလုံးက ဂုဏ်ယူ နေမယ်လို့ နန်းခင်ထင်ပါတယ်'' ဟု ပြောသည်။
မယ်စကြဝဠာ ၂၀၁၃ နောက် ဆုံး အဆင့် ရွေးချယ်ပွဲကြီးအား နိုဝင်ဘာ ၉ရက်တွင် ပြုလုပ်ခဲ့ပြီး Miss Universe ၂၀၁၃ ဆုအား ဗင်နီဇွဲလားနိုင်ငံ ကိုယ်စားပြု အလှ မယ်မှ ရရှိခဲ့ပြီး 1st Runner up ဆုအား စပိန်နိုင်ငံကိုယ်စားပြု အလှ မယ်၊ 2nd Runner up ဆုအား အီကွေဒေါနိုင်ငံကိုယ်စားပြု အလှ မယ်၊ 3rd Runner up ဆုအား ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အလှ မယ်၊ 4th Runner up ဆုအား ဘရာဇီးနိုင်ငံ ကိုယ်စားပြု အလှ မယ်တို့မှ အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment