မွန် ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိသမိုင်း ဝင်ကျိုက်ထီးရိုး
စေတီတော်တောင် ခြေနှင့် ရင်ပြင်တော်ပေါ်သို့ Cable Car
ပြေးဆွဲရေးလုပ်ငန်းကို ဗီယက် နမ်ကုမ္ပဏီက လုပ်ကိုင်လိုကြောင်း သိရသည်။
ယင်းကဲ့သို့ Cable Car ပြေး ဆွဲနိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံ မှ Oman
Investment Fund အဖွဲ့က မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံးဧည့်ခန်းမ၌
ယခုလရက်ပိုင်း အတွင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဝင် ဗမာတိုင်းရင်းသားရေး
ရာဝန် ကြီး ဦးသက်ဝင်း၊ ဘဏ္ဍာ ရေး ဝန် ကြီး ဒေါက်တာခင်မောင်သွင်၊
လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးနိုင်လဝီအောင်တို့နှင့် လာရောက် တွေ့
ဆုံကြောင်း သိရသည်။
ဗီယက်နမ်အဖွဲ့မှ အကြီး တန်း အကြံပေးပုဂ္ဂိုလ်
Mr. Truong Hoang Son က ''မွန်ပြည်နယ် ကျိုက်ထီးရိုးစေတီတော်မှာ Cable Car
ပြေးဆွဲရေးကို လုပ်ကိုင် ဖို့နဲ့ စက်ရုံကြီးတွေလုပ်ကိုင်လိုပါ တယ်''ဟု
ထုတ်ဖော်ပြောကြား သည်။
မွန်ပြည် နယ် အစိုးရ အဖွဲ့ ဝင်ဝန်ကြီးများက
ဗီယက်နမ်ကုမ္ပ ဏီအနေဖြင့် လုပ်ငန်းဆက်လက် လုပ်ကိုင်လိုပါက ကျိုက်ထီးရိုးစေ
တီတော်သို့ သွားရောက် ပြီး လေ့ လာမှုပြုလုပ်ရန်လိုကြောင်း၊ မည် သည့်နေရာ၊
အကွာ အဝေး၊ လုပ် ကိုင်မည့် ကုန်ကျငွေ ခန့်မှန်း ချက်၊ မြေပုံကြမ်း စသည်တို
့ကို စနစ် တကျပြန်လေ့လာသွားမည်ဖြစ် ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment