address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 7, 2013

လျှပ်စစ်မီတာခ လျှော့ချရေးအတွက် ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား၊ မီတာခ လျှော့ချမှု မပြုမချင်း ဆက်လက်ဆန္ဒပြမည်ဟု သိရ


7.11.2013

လျှပ်စစ်မီတာခ လျှော့ချရေးအတွက် ရန်ကုန်မြို့တွင် လူအင်အား ၁၅၀ ကျော်က ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့အပြင် မီတာခ လျှော့ချမှု မပြုမချင်း ဆက်လက်ဆန္ဒပြမည်ဟု သိရသည်။

နိုဝင်ဘာလ ၇ ရက်၊ ညနေ ၆ နာရီကျော်က ရန်ကုန်မြို့၊ မြေနီကုန်းမှ စတင်ကာ အလုံ လျှပ်စစ်ဓာတ်အားပေးရေး ရုံးအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ယင်းသို့ ဆန္ဒပြရာတွင် လျှပ်စစ်မီတာခ လျှော့ချရေး၊ လျှပ်စစ်မီတာတက်၍ ကုန်ဈေးနှုန်း ကြီးလာနိုင်ခြင်း၊ ပြည်သူများ ကြုံတွေ့ရမည့် ဆင်းရဲဒုက္ခများ ပိုမိုမဖြစ်ပွားစေရေး စသည်တို့ကို ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ အနေနဲ့ မီတာခကို ပုံမှန်အတိုင်း မသတ်မှတ်သရွေ့ နေ့တိုင်း လမ်းလျှောက်ဆန္ဒပြသွားမှာပါ" ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကိုတင်မောင်ကြည်က ပြောပါသည်။

ဆန္ဒပြသူများသည် လမ်းတစ်လျှောက်ရှိ ပြည်သူများအား မိမိတို့သည် ပြည်သူကိုယ်စားပြု ဆန္ဒပြခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်သူကိုယ်စားပြု ဆန္ဒပြသည်ကို ပြည်သူများအနေဖြင့် လက်ခံပါသလားဟု မေးမြန်းခဲ့ရာ လမ်းတစ်လျှောက်ရှိ ပြည်သူများက လက်ခုပ်တီးကာ ဟုတ်မှန်ကြောင်း ထောက်ခံခဲ့ကြကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment