address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 7, 2013

မယ်တော်ဆေးခန်း သြစတြေးလျ အစိုးရ ရန်ပုံငွေ ဆက်လက်ပံ့ပိုးရေး လှုပ်ရှားမှု ပြုလုပ်



7.11.2013

ထိုင်း-မြန်မာနယ်စပ်ဒေသ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်း လုပ်သား မိသားစုများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဖွင့်လှစ်ထားသော မယ်တော် ဆေးခန်းအတွက် သြစတြေးလျ အစိုးရ၏ ရန်ပုံငွေ ဆက်လက် ပံ့ပိုးပေးရေး လှုပ်ရှားမှုတစ်ခုကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း အဆိုပါ ဆေးခန်း၏ အင်တာနက် စာမျက်နှာတွင် ယနေ့ ထုတ်ပြန်လိုက်သည်။

ရန်ပုံငွေ ပံ့ပိုးရေး လှုပ်ရှားမှုသည် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Mr.Julie Bishop ထံ အကူအညီများ ဆက်လက် ပံ့ပိုးပေးသင့်ကြောင်း အတည်ပြုစာကို အီးမေးလ်လိပ်စာက တစ်ဆင့်ပေးပို့ခြင်း ဖြစ်ပြီး လူဦးရေ တစ်ထောင်အထိ အတည်ပြုမဲများ ကောက်ခံသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (AusAID) သည် ၂၀၁၂ ခုနှစ်က လူနာ လေးသောင်းခွဲအထိ ကျန်းမာရေး ပံ့ပိုးမှု ပြုလုပ်ပေးခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေး သူငယ်များ ဖြစ်ကြောင်း၊ ယင်းအကူအညီ အားလုံးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မယ်တော်ဆေးခန်း ကြေညာချက်တွင် ဖော်ပြထားသည်။

မယ်တော်ဆေးခန်း ရန်ပုံငွေ ဆက်လက် ထောက်ပံ့ဖြစ်ရေး ပါဝင်လိုသူများသည် http://apheda.good.do/maetaoclinic/email-the-foreign-minister-the-hon-julie-bishop-mp/ တွင် အသေးစိတ် ဝင်ရောက် ကြည့်ရှုနိုင်သည်။

ယင်းဆေးခန်းကို သြစတြေးလျ ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာ စင်သီယာမောင်ကိုယ်တိုင် ဦးဆောင်ပြီး ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ယခုအချိန်တွင် နှစ်စဉ် လူနာတစ်သိန်းခွဲ နီးပါးကို ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေးလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment