address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 7, 2013

ကရင်ပြည်နယ်နေ့ (ကော်သူးလေ နေ့) နိုဝင်ဘာလ (၇)ရက်နေ့




7.11.2013

နိုဝင်ဘာလ (၇)ရက်နေ့သည် ကရင်ပြည်နယ် (ကော်သူးလေ)နေ့ဖြစ်သည်။ ကရင်ပြည်နယ်နေ့ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၁၈၀(၁)အရ သံလွင်ခရိုင်ကိုကရင်ပြည်နယ်အဖြစ် ပထမအဆင့် သတ်မှတ်ခဲ့သည်။ ၁၉၅၄ ခုဇွန်လ (၁)ရက်နေ့သို့ ရောက်ရှိပြန်သောအခါ သံလွင်ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့် ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့မြို့များနှင့် ၁၉၅၅ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့် ကရင်ပြည်နယ် အုပ်ချုပ်မှုအတွင်းသို. ရောက်ရှိလာခဲ့သည်။ ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း (၁၁၀၉၁)ဖြစ်သည်။ ကျေးရွာပေါင်း (၄၆၄)ရွာနှင့် လူဦးရေ (၆၀၀၀၀၀) ခြောက်သိန်းခန့်ရှိလေသည်။ ၁၉၅၆ခုနှစ် ဖေဖော်ဝါရီလ (၂၅)၇က်နေ့တွင် ကျင်းပသော (စုဒ္ဒသမ)၁၄-ကြိမ်မြောက် ကရင်ပြည်နယ်ကောင်စီညီလာခံမှ ကရင်ပြည်နယ်နေ့ သတ်မှတ်ရေးအဆိုကို တင်သွင်းရန် သတ်မှတ်ခဲ့လေသည်။

ကရင်ပြည်နယ်နေ့ကို သတ်မှတ်ရာတွင် အောက်ပါအချက်များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။
(၁) သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ထိုးပေးသော နိုဝင်ဘာလ (၇)ရက်နေ့။
(၂) ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင် မြို့နယ်များကို ပထမအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့် ဇွန်လ-၁ရက်နေ့။
(၃) ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် မြို့နယ်များကို ဒုတိယအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့်
ဇူလိုင်လ-၁ရက်နေ့။

ဤသုံးရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ရန်စဉ်းစားခဲ့ကြရာ နိုဝင်ဘာလ(၇)ရက်နေ့ကို
ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။
(၁) ဇွန်လ-၁ရက်နေ့နှင့် ဇူလိုင်လ-၁ရက်နေ့တို့သည် မိုးများရွာသော မိုးရာသီရက်များ ဖြစ်သောကြောင့် အခမ်းနားကျင်းပရန် မသင့်လျော်။
(၂) နိုဝင်ဘာ-၇ ရက်နေ့သည် ရာသီဥသာယာသော ဆောင်းရာသီနှင့် နွေရာသီဖြစ်သောကြောင့် အခမ်းအနားကျင်းပရန် ကောင်းမွန်သည်။
(၃) ထိုနေ့ (နိုဝင်ဘာ-၇)တွင် ကရင်ပြည်နယ်နေ့အဖြစ် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။
ဤအကြောင်းများကြောင့် နိုဝင်ဘာလ (၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တရားဝင်
ကျင်းပလာခဲ့ခြင်းဖြစ်သည်။

Christopher Sphonemin

No comments:

Post a Comment