14.11.2013
စိတ်ကြွဆေးပြား၁၂၀၀၄ လုံးနှင့် ယာအိုက်ခေါ် ခရစ်စတယ်ခဲနှစ်ဂရမ်ကို သယ်ဆောင်လာပြီး ထိုင်းနိုင်ငံ စမုတ် ဆာခွန်ခရိုင်၊ မဟာချိုင်ဒေသသို့ တင်ပို့ရန် နယ်စပ်၌ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။
“ကျွန်တော်တို့ လွှတ်ထားတဲ့ အရင်းအမြစ်ဆီကနေပြီး ထူးခြားတဲ့လူစိမ်းဝင်လာတယ်ဆိုပြီး သတင်းရ တော့ နယ်မြေခံကြံတောရွာတပ်ရင်းကို စောင့်ကြည့်ဖို့ညွှန်ကြားတယ်၊ သေချာတယ်လို့ အတည်ပြုနိုင် တော့ ထိုင်းနိုင်ငံထွက်ဖို့ ကားလမ်းဘေးမှာ စောင့်နေတုန်းကျွန်တော်တို့ ၀င်ဖမ်းနိုင်ခဲ့တယ်” ဟု ဗိုလ် ဂျနူးရော့ဒ်မာန်က မဇ္ဈိမကို ပြောသည်။
ထိုသို့ ၀င်ရောက်ဖမ်းဆီးခဲ့စဉ် တရားခံဘက်မှ အကြမ်းဖက်တုန့်ပြန်ခြင်းမရှိခဲ့ ဘဲ အသာတကြည်ပင် အဖမ်းခံခဲ့ကာ ဖမ်းဆီးရမိချိန်၌ ၎င်းကိုယ်တိုင် မူးယစ်ဆေးဝါး (အထူးသဖြင့်) ယာအိုက်ခေါ် ခရစ်စတယ်ခဲ ဆေးသုံးစွဲထားကြောင်း တွေ့ရှိခဲ့ရသည်ဟု ဗိုလ်ဂျနူးရာ့မာန်က ဆိုသည်။
ဖမ်းဆီးခံထားရသူ၏ ထွက်ဆိုချက်အရ ၎င်းမူးယစ်ဆေးဝါးများကို ဘုရားသုံးဆူမြို့မှ အဆက်အသွယ် တစ်ဦးထံမှ ရယူထားကာ ၎င်းမှတစ်ဆင့် မဟာချိုင်သို့ သယ်ဆောင်သွားမည်ဖြစ်ပြီး ထိုနေရာ၌ လက်ခံ သူတစ်ဦးထံသို့ပေးပို့ပြီးလျှင် ၎င်း၏တာဝန်ပြီးဆုံးမည် ဖြစ်သည်။ ထိုသို့ သယ်ယူပို့ဆောင်ပေးနိုင်ရန် အတွက် မလေးရှားနိုင်ငံနေ သူငယ်ချင်းတစ်ဦးမှ ဖုန်းဖြင့်မှာကြားခဲ့ပြီး ယခုကဲ့သို့ သယ်ဆောင်ပေးရန် သဘောတူထားခြင်းဖြစ်ကြောင်းလည်း ထွက်ဆိုသည်။
မူးယစ်ဆေးဝါး သယ်ဆောင်ခအဖြစ် ၎င်းမှ နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ ၀င်ရောက်နိုင်မည့် အထူး ကားကို စီးနင်းသွားရမည်ဖြစ်ကာ ၎င်းမှတဆင့်မလေးရှားနိုင်ငံသို့ လိုက်လံပို့ဆောင်ပေးမည် ဖြစ်သည်။
ထို့ပြင် အခကြေးငွေများလည်း ရရှိမည်ဖြစ်ကာ မည်မျှရရှိမည်ကို ဖြေကြားရန် ၎င်းမှ ငြင်းဆိုခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ မြို့နယ်ခွဲသည် မြို့ပေါ်၌ပင် မူးယစ်ဆေးဝါးများ (အထူးသဖြင့်) စိတ်ကြွဆေးဝါးများ အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့်နေရာအဖြစ် ဒေသခံနေထိုင်သူများ၊ မွန်ပြည်သစ် ပါတီနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှတဆင့် သိရှိရသော်လည်း မြန်မာအစိုးရ အာ ဏာပိုင်များမှ ထိရောက်စွာ အရေးမယူနိုင်သေးပေ။
“ဘယ်လက်နက်ကိုင်အဖွဲ့ကလုပ်နေသလဲ ဆိုတာတော့ ကျွန်တော်ထုတ်မပြောရစေနဲ့၊ အပေါ်က ပြော ထားတဲ့နေရာတွေမှာတော့ လက်လီဝယ်ဝယ်၊ လက်ကားဝယ်ဝယ်၊ ၀ယ်လို့ရတယ်၊ နေ့ညကြိုက်တဲ့ အချိန်ဝယ်လို့ရတယ်၊ အခုတော့ နည်းနည်းအဆက်အသွယ်ရှိမှ ၀ယ်လို့ရမှာပေါ့၊ အရင်က ပေါ်တင်ပဲ ရောင်းတယ်”ဟု အမည်မဖော်လိုသည့် ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောသည်။
၎င်းဖမ်းဆီးရမိမှုသည် မွန်ပြည်သစ်ပါတီမှ ဘုရားသုံးဆူဝန်းကျင်တစ်လျှောက်ရှိ ထိန်းချုပ်နယ်မြေများ၌ ဖမ်းဆီးရမိမှုအများ၌ ပမာဏအများဆုံး ဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်ပြီး ဒုတိယအများဆုံးမှာ အလုံးပေါင်း ၈၀၀၀ ခန့် ဖမ်းစီးမိစဉ်က ဖြစ်သည်။
ပြီးခဲ့သည့် ကာလများ၌ မူးယစ်ဆေးဝါးဖမ်းဆီးရမှုများအား ပမာဏများနှင့် စပ်လျဉ်း၍ ၁၀လုံးအောက် ဖမ်းဆီးရမိမှုများအား အချင်းချင်းခွဲဝေသုံးစွဲရန် ပမာဏဖြင့် တရားခံများအား ထောင်ဒဏ်တစ်နှစ် အောက်၊ ၁၀ လုံး အထက်အား ရောင်းဝယ်ဖောက်ကားရန် လက်ဝယ်ပိုင်ဆိုင်မှု ထောင်ဒဏ်တစ်နှစ်နှင့် အထက်အပြစ်ဒဏ်ပေးခဲ့ဖူးကြောင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှူး ဗိုလ်ဂျနူးရော့ဒ်မာန်က ပြောသည်။
ယခုကဲ့သို့ လက်သည်ကြီးများကို မွန်ပြည်သစ်ပါတီဌာနချုပ်မှ မည်ကဲ့သို့ အပြစ်ပေးအရေးယူမည်ကို မခန့်မှန်းနိုင်ဟုဆိုသည်။
Mizzima - News in Burmese
No comments:
Post a Comment