address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 18, 2013

မဲဆောက်ကထိန် နဲ့ ထိုင်းစတိုင် ပဒေသာပင်




18.11.2013

မဲဆောက်ရောက်မြန်မာတွေ စုပေါင်းပြီး ဒီနေ့မြို့လယ်က ကျောင်းကြီးမြန်မာဘုန်းတော်ကြီးကျောင်းမှာ ကထိန် အလှူတော် ကျင်းပခဲ့ကြပါတယ်။

လက်ရှိ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ၂ သိန်းကျော်နေထိုင်ကြပြီး မြို့နယ်အတွင်းမှာ ရှေးဟောင်းမြန်မာဘုန်းတော်  ကြီးကျောင်း ၅ ကျောင်း ရှိပါတယ်။ဒီနေ့ ကထိန်လှည့်ပြီး မနက်ဖြန်မှာ ရေစက်ချအလှူတော်ပြုလုပ်ကြမှာဖြစ်ပါတယ်။

ဒီနေ့မြန်မာတွေရဲ့ လှူဒါန်းမှုအစုစုက ထိုင်းဘတ်ငွေ သိန်း ၁၀ သိန်း ကျော်တယ်လို့ သိရပါတယ်။

ကျောင်းကြီးမြန်မာဘုန်းတော်ကြီးကျောင်းမှာ မြန်မာတွေ နှစ်စဉ် ကထိန်ခင်းကြပါတယ်။

ထိုင်းတွေလည်း ကထိန်ခင်းကြပါတယ်။ပဒေသာပင်ကတော့ မြန်မာနဲ့ တော်တော်လေး ကွာပါတယ်။လှူဖွယ်ပစ္စည်း အမျိုးအမည်က မြန်မာပြည်မှာလို စုံစုံလင်လင် မဟုတ်ပါ။တူညီတာတခုကတော့ ပဒေသာပင်ကို အလှအပဆုံးဖြစ်အောင် တန်ဆာဆင်ကြခြင်း ဖြစ်ပါလိမ့်မယ်။

လှူဒါန်းမှု ငွေစက္ကူများကို ဝါးချောင်းတွေကြားမှာ အချပ်လိုက် ထည့်ထားတာကြောင့် သံဃာတော်တွေ လက်ခံရရှိတဲ့အခါ ဖြုတ်သိမ်းရ လွယ်ကူပါလိမ့်မယ်။ မြန်မာပြည်က ပဒေသာပင်များကတော့ လုံခြုံစိတ်ချရအောင်ထက် မွမ်းမံတန်ဆာဆင်ခြင်းကို ပုံစံမျိုးစုံနဲ့ ထွင်တတ် ပြင်ဆင်တတ်လေတော့ ငွေစက္ကူတွေကို ဖြုတ်သိမ်းရ ခက်ပါလိမ့်မယ်။

မြန်မာပြည်သားတွေက ထိုင်းနိုင်ငံရောက်နေပေမယ့်လည်း ဘုန်းကြီးကျောင်းတွေ အဆင်သင့်ရှိ၊ သံဃာများ အသင့်ရှိတာကြောင့် အလှူရေစက် လက်နဲ့မကွာကြပါ။ အခါကြီးရက်ကြီးများ၊ ပွဲတော်ရက်များမှာ အလှူဒါန ပြုကြလေ့ရှိတာ တွေ့နေရပါတယ်။

ဆိုခဲ့တဲ့ အတိုင်းပဲ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရောက် မြန်မာပြည်သားတို့ရဲ့ စုပေါင်းဘုံကထိန်ပွဲ မြင်ကွင်းများကို ဖော်ပြပေးလိုက်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment