address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 14, 2013

ဇွဲကပင်တောင် ဆံတော်ရှင် ကေဘယ်ကားစီမံကိန်း လျာထားငွေ၏ နှစ်ရာခိုင်နှုန်းသာ ရရှိသေး




14.11.2013

ကရင်ပြည်နယ် ဇွဲကပင်တောင်ဆံတော်ရှင်သို့ တက်ရောက်ဖူးမျှော်နိုင်ရန် ကေဘယ်ကားစီမံကိန်း ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာဖွေခဲ့ရာ ကျပ်သိန်း ၄,၀၀၀ ၀န်းကျင်သာ ရရှိသေး၍ လိုအပ်ချက် များစွာ ရှိနေသေးသည်။

စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် (ကျပ်ငွေ သိန်းပေါင်း နှစ်သိန်း) ကုန်ကျမည်ဟု ခန့်မှန်းထားသည့်အတွက် ယခုရရှိထားသည့်ငွေပမာဏမှာ ခန့်မှန်းငွေ၏ ငါးဆယ်ပုံတစ်ပုံသာ ရှိနေသေး သည်။

ကေဘယ်ကား စီမံကိန်း ဖြစ်မြောက်ရေးအတွက် တရားပွဲများနှင့် ဖျော်ဖြေပွဲများကို ၂၀၁၃ သြဂုတ်လကတည်းက ပြုလုပ်ခဲ့ပြီး ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကလည်း လှူဒါန်းမှုများရှိခဲ့ရာ သိန်း ၄,၀၀၀ သာ ရရှိသေးသည်ဟု စီမံကိန်းဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူး -၂ ဦးစောအောင်ချစ်က မဇ္ဈိမ ကို ပြောသည်။

ဇွဲကပင်တောင်ဆံတော်ရှင် ကေဘယ်လ်ကားစီမံကိန်းအား ပီနန်ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော် နှင့် သုံးထပ်ကျောင်းဆရာတော် သုံးပါးတို့၏ ကြီးမှူးဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ဇွဲကပင်တောင်အောက်မှ တောင်ပေါ်သို့ ခြေလျင်ခရီး သုံးနာရီခန့် တက်ရကာ အလွန် မတ် စောက်သည့် တောင်တက်ခရီးလမ်းဖြစ်ပြီး ကားလမ်းဖောက်လုပ်ရန် အလွန်ခက်ခဲသည့်အတွက် ကေ ဘယ်ကားဆောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

စီမံကိန်းစတင်ရန်အတွက် နိုဝင်ဘာလအတွင်း ဆွစ်ဇာလန်နိုင်ငံနှင့်စာချုပ်ချုပ်ဆိုရန် ရည်ရွယ်ထားသော်လည်း ယနေ့ထိ ထူးခြားမှုမရှိသေးဘဲ လက်ရှိတွင် မြေနေရာရွေးခြင်း၊ မြေအနေအထား စစ်တမ်းကောက် ယူခြင်းများ ပြုလုပ်လျက်ရှိကာ ၂၀၁၄ ခုနှစ်အတွင်း ပြီးစီးနိုင်ရန် ရည်ရွယ်ထားသည်။

စီမံကိန်းအတွက် လိုအပ်သည့် အစိတ်အပိုင်းများကို ဆွစ်ဇာလန်နှင့် သြစတြေးလျနိုင်ငံတို့မှ မှာယူမည်ုဖြစ်ပြီး မလေးရှားမှ ပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ တည် ဆောက်မည်ဖြစ်သည်။

ကေဘယ်လ်ကားသည် လူ ၄၀ အထိ စီးနင်းနိုင်သော အကြီးစားဖြစ်ပြီး ကေဘယ်လ်ကားကြိုးကို လျှပ်စစ်မော်တာဖြင့် ဆွဲတင်ပို့ရသည့် စနစ်ဖြစ်သည်။ ကေဘယ်လ်ကား တပ်ဆင်ပြီးသွားပါက အထက်နှင့် အောက် ၁၆၅၀ မီတာ ကွာဝေးသော ဇွဲကပင် ဆံတော်ရှင်စေတီကို မိနစ်အနည်းငယ်ခန့်ဖြင့် ရောက်ရှိနိုင်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment