"တရုတ်ပြည်က အခုထိတော့ ကျွန်မဆီ ဖိတ်တာမရှိသေးပါဘူး။ ဒါပေမယ့် အဖွဲ့ချုပ်က
ကိုယ်စားလှယ်တွေကို ဖိတ်ပါတယ်။ ဖိတ်တာလဲ ကျွန်မတို့ကတော့ လက်ခံမှာပဲ။
ဘယ်နိုင်ငံနဲ့မဆို ဆက်ဆံရေးကောင်းကောင်း မွန်မွန်ရှိဖို့ တည်ဆောက်သွားဖို့
ဆိုတာ အရေးကြီးတယ်ဆိုတာလဲ လက်ခံတာပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
CAIFC အဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း
တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်ခဲ့သည့်
လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ တစ်ဆင့်
ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့်
CAIFCအဖွဲ့ကြီးတို့ ပီကင်းမြို့၊ ပြည်သူ့လွှတ်တော်ကွန်ဂယက်
အဆောက်အဦးအတွင်းရှိ တိဗက်ခန်းမဉ် အောက်တိုဘာလ၂၉ ရက်မှာ တွေ့ဆုံစဉ် CAIFC
ဥက္ကဋ္ဌ (ယခင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း) Li Zhaoxing (လီဇောက်ရှင်း)က ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးနောက်ပိုင်းမှာ
ပြည်ပနိုင်ငံခရီးစဉ် ၁၀ ခုထွက်ခဲ့ပြီး ၄င်းနိုင်ငံများထဲတွင်
အမေရိကန်နိုင်ငံသို့ တစ်ကြိမ်၊ သြစတြေးလျားနိုင်ငံသို့ တစ်ကြိမ်နှင့်
ဥရောပနိုင်ငံများသို့ နှစ်ကြိမ်သွားရောက်ခဲ့ပြီး ဖြစ်သည်။
အခြားသွားရောက်ခဲ့သော နိုင်ငံများမှာတော့ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊
ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မွန်ဂိုးလီးယားနိုင်ငံ၊
စင်ကာပူနိုင်ငံတို့ဖြစ်ပြီး တရုတ်နိုင်ငံသို့ တစ်ခါမျှ သွားရောက်ဖူးခြင်း
မရှိသေးကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ခင်စန်းလှိုင်က “ ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်တွေ
သွားရောက်နေတဲ့အပေါ် တရုတ်နိုင်ငံက စိုးရိမ်မှုရှိနေတယ်၊ ဥရောပနိုင်ငံတွေအပေါ်
ဒေါ်စုနဲ့မြန်မာပြည်သူတွေ အာရုံစိုက်သွားမှာ သူတို့ကစိုးရိမ်တယ်၊ ဒေါ်စုကို
တရုတ်ပြည်လာဖို့ သူတို့ဘက်က ကမ်းလှမ်းချက်ကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေတွေ့ဆုံပွဲမှာ တင်ပြသွားဖို့ရှိတယ်၊ “ဟု ပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment