address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, December 13, 2013

တိုင်းရင်းသား လက်နက်ကိုင်တို့ ညီလာခံရွှေ့ဆိုင်း

13.12.2013

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် ညီလာခံကို ကရင်အမျိုးသားအစည်းအ ရုံး KNU နယ်မြေတွင် ယခုလတတိယအတွင်း ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း ညီလာခံအတွက် ပြင် ဆင်ရန် လိုအပ်ချက်များရှိနေခြင်းကြောင့် တစ်လတိတိ နောက်ဆုတ်လိုက်သည်ဟု ညီလာခံဖြစ်မြောက် ရေးကော်မတီဝင် ပဒိုမန်းမန်းက ပြောသည်။

“ပြင်ဆင်ရမယ့်အပိုင်းကလည်း အများကြီးဆိုတော့ ကျွန်တော်တို့ ရွှေ့လိုက်တာဖြစ်ပါတယ်။ ဆက်သွယ် ဆောင်ရွက်ရမယ့် အချိန်နည်းနည်းရအောင်ဆိုပြီးတော့ ပြောင်းရွှေ့လိုက်တာပါ”ဟု မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ် ဘားအံခရိုင်ရှိ KNU နယ်မြေ လေးဝါး(လောခီးလာ) စခန်းတွင် ယခုလဆန်းပိုင်းကကျင်း ပခဲ့သော KNU ၏ ၁၅ ကြိမ်မြောက် ဗဟို အမြဲတမ်းကော်မတီ အစည်းအဝေးတွင် ယခုလ ၁၈၊ ၁၉၊ ၂၀ ရက်များတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ တတိယပတ်မှသာ ကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ထိုညီလာခံတက်ရောက်ရန် လက်နက်ကိုင်အဖွဲ့အစည်း ၁၈ဖွဲ့အပြင်၊ “၀” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ မိုင်းလားအဖွဲ့တို့ကိုလည်း ထပ်မံဖိတ်ခေါ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကိုလည်း ဖိတ်ခေါ်ထားသည်။

ယခုညီလာခံမတိုင်မီ နိုဝင်ဘာလ တတိယပတ်အတွင်းကလည်း တရုတ်၊ မြန်မာနယ်စပ် လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ ပထမဆုံးညီလာခံ ကျင်းပခဲ့သေးသည်။ ထိုညီလာခံမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို ချမှတ်ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကိုလည်း ဖွဲ့စည်းခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်ထိ လိုင်ဇာညီလာခံမှ ရရှိသော ဘုံသဘောတူညီ ထားသော မူကြမ်းအပေါ် စကားလုံးအချို့ ဖြည့်စွက်၍ NCCT အဖွဲ့က မူကြမ်းရေးဆွဲခဲ့သည်။ ထိုပြင်ဆင် ချက်မူကြမ်းကို ဇန်န၀ါရီလတွင် ကျင်းပရန်ရှိသည့် ညီလာခံတွင် အတည်ပြုသွားမည် ဖြစ်သည်။

လိုင်ဇာမူကြမ်း ၁၁ ချက်တွင် ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး၊ မတရားအသင်းမှ ဖျက်သိမ်းပေးရေး ဟူသော မူဘောင်များကို ထည့်သွင်းထားပြီး အစိုးရ၏မူကြမ်းပါ အခန်း ၁၅ ခန်းတွင်မူ တပ်သားသစ် မစု ဆောင်းရ၊ စစ်ရေးဆိုင်ရာ လက်နက်ခဲယမ်း မစုဆောင်းရ၊ စခန်းသစ်မဆောက်ရ၊ လူထုထံမှ အကောက် အခွန် မကောက်ရဆိုသည့် အချက်များ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်စွန့်ရေးမူ ဖြစ်နေ သဖြင့် လက်ခံနိုင်ဖွယ်မရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောဆိုကြသည်။

ဇန်န၀ါရီတွင် ကျင်းပမည့် ညီလာခံအပြီး ကရင်ပြည်နယ် ဘားအံမြို့တွင် အစိုးရနှင့် တိုင်းရင်းသားများ၏ တွေ့ဆုံဆွေးနွေးမှု ပြန်လည်ပြု လုပ်မည် ဖြစ်သည်။ ထိုတွေ့ဆုံဆွေးနွေးမှုကိုလည်း လာမည့်၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု သတ်မှတ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment