address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, May 8, 2014

" ဆုပန်ထွာ၏ ပရိသတ်သို့အသိပေးစာ "


အခု ဆိုလျှင် ကိုဥက္ကာကျော်က သတင်းစာထဲမှာ ပြန်လည် ရှင်းလင်း ထားပြီး ဖြစ်သည့် အတွက် ပန်ပန်နဲ့ ကိုဥက္ကာကျော် ကို ပရိသတ်တွေ နားလည်လိမ့်မယ် လို့ ပန်ပန်တို့ ယုံကြည်ကြပါတယ်။


ပထမဆုံး အနေနဲ့ ပန်ပန်ရဲ့ အချစ်ရေးကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ ကြတဲ့ မီဒီယာ အစ်ကို အစ်မတွေနဲ့ ပရိသတ်တွေ အားလုံး ကို ကျေးဇူးတင်ပါတယ်။ ပန်ပန် အချစ်ရေး နဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ ပန်ပန် ကိုယ်တိုင် စိတ်ဝင်တ စားမရှိခဲ့တာ။ မပြောခဲ့တာ မီဒီယာတွေ အားလုံး သိပြီးသားပါ။ ပန်ပန် တို့ဒီနေ့ ပြောမယ့် စကားတွေ က ဘယ်သူ့ကိုမှ ထိခိုက် နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောတာ မဖြစ်ချင်ပါဘူး။ ကိုယ့်ဂုဏ်သိက္ခာ တက်ဖို့ အတွက် သူများကို နစ်နာ အောင်ပြောဖို့ လုပ်ဖို့ လည်း ပန်ပန်မှာ စိတ်ဆန္ဒ မရှိပါဘူး။ ပန်ပန့်ဘဝမှာ အနုပညာလောက ပဲဖြစ်ဖြစ် အပြင် ပန်ပန့် life ဘဝမှာပဲဖြစ်ဖြစ် ဒီလို ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆို ခံရခြင်း မျိုးလည်း တစ်ကြိမ် တစ်ခါမှ မကြုံဖူးပါဘူး။

ပန်ပန့်အနေနဲ့ ကိုဥက္ကာကျော်ကို ဒီလိုမဟုတ်မမှန် စွပ်စွဲပြောဆို ခံနေရတာကို လည်း သူ့အတွက် ပန်ပန် တကယ် စိတ် မကောင်းပါဘူး။ ပန်ပန် မိဘတွေက လည်း မိဘ အုပ်ထိန်းမှုအောက်မှာ အမြဲစည်းကမ်းတကျ နေတတ်အောင် အမြဲ သွန်သင်ပြပေးခဲ့တဲ့ မိဘမျိုးတွေပါ။ သားသမီး တစ်ယောက် မဟုတ်တာ လုပ်တာ ကို လက်ပိုက် ကြည့်နေမယ့် မိဘမျိုးလည်း မဟုတ်ပါဘူး။ မိဘ ဆိုတာ သားသမီးကို အကောင်းဆုံး ဖြစ်စေချင်တဲ့ သူတွေ ချည်းပါပဲ။ ဒီကိစ္စကို ပန်ပန့် အမေ ကိုယ်တိုင် က သဘောတူ လိုလားခဲ့တာတော့ မဟုတ်ပါဘူး။ ကိုဥက္ကာက တရားဝင် ကွာရှင်း ထားပြီးဖြစ်တဲ့ အထောက်အထားတွေ ကို ပန်ပန် နဲ့ပန်ပန် ရဲ့အမေကို တလေးတစားပြပါတယ်။

ပန်ပန်က ကိုယ့်အလုပ်နဲ့ ကိုယ်တောင် မအားခဲ့ပါဘူး။ မိုးလင်းက မိုးချုပ် ရှုတင် နဲ့ သီချင်းပွဲတွေ ဆိုရတာနဲ့ ဆိုင်မှာ မရောက်လို့လည်း မဖြစ်တာနဲ့ နေ့စဉ်နဲ့အမျှ အချိန်တွေ မလောက်နိုင်ပါဘူး။ ကိုဥက္ကာ ဆိုလည်း ဆိုင်မှာ မိုးလင်းကနေ ဆိုင် ပိတ်ရက် မရှိ သူ့မှာကြိုးစားပြီး လုပ်နေရတာ။ ပန်ပန် တို့နှစ်ေ ယာက် တော်တော်လေး စိတ်ရော လူရော ပင်ပန်းပါတယ်။ ပန်ပန် တို့နှစ်ယောက်လုံး မအားကြပါဘူး။ ဒီကိစ္စကို တကယ် အမှန်တရားကို သိလို့ နားလည်တဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီလိုဝေဖန် ရှုတ်ချနေသူတွေ အတွက် ပြန်ချေပ ခုခံဖို့လည်း ပန်ပန်တို့မှာ အချိန်မ ရှိပါဘူး။ ပန်ပန့် life အတွက် ပန်ပန်ရော၊ မိသားစု အတွက်ရော ရှက်တာပေါ့။ ပန်ပန့် life မှာ ဒါမျိုးဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ပန်ပန်ကံ ကိုက ကိုဥက္ကာ နဲ့တွေ့ဖို့ ကံပါလာ လို့ပဲနေမှာပါ။

ဒါပေမဲ့ ကြုံလာတော့ လည်း ရင်ဆိုင်ရုံပါပဲ။ ပန်ပန့် သက်တမ်း တစ်လျှောက်မှာ အခုလို ဂုဏ်သိက္ခာကျဆင်း အောင် ပြောဆိုခံရတယ် ဆိုတာ လုံးဝမရှိခဲ့ပါဘူး။ မရှိအောင်လည်း ပန်ပန် ကြိုးစားပြီးနေခဲ့ ပါတယ်။ ဒါကို အနုပညာ အသိုင်း အဝိုင်း က လူတိုင်းသိပါတယ်။ ပန်ပန်က ဗုဒ္ဓဘာသာ မြန်မာ မိန်းကလေး တစ်ယောက်ပါ။ ဒု-ဿ-န-သော ဆိုတာ ကို ဘယ်တော့မှ ကျူးလွန်မှာ မဟုတ်ပါဘူး။ တရားဝင် ကွာရှင်းပြီးမှ ပန်ပန် လက်ခံခဲ့တာပါ။ ပန်ပန်ကြောင့် ကွာရှင်းတယ် ဆိုတာကိုလည်း ပန်ပန်လက် မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မိန်းကလေး ချင်း ကိုယ်ချင်း စာလို့ပါ။

သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေး အခြေအနေကို သူတို့ ကိုယ်တိုင်ရော၊ သူတို့ ရဲ့ ပတ်ဝန်းကျင် အကုန်လုံး သိမှာပါ။ ပန်ပန် ပရိသတ် အားလုံးထဲ ကမှ ပန်ပန်ရဲ့ life ကို သိကြတဲ့သူတွေ လည်းရှိမယ်၊ မသိကြတဲ့ သူတွေလည်း ရှိပါလိမ့်မယ်။

ပန်ပန်မှာ ကိုယ့်ချွေး နှဲစာ နဲ့ရှာထားတဲ့ နေစရာ အိမ်လေး ရှိတယ်။ ကားရှိ တယ်။ ပန်ပန့် အလုပ်အကိုင် ရှိတယ်။ လူဆိုတာတစ်နေ့ကို ထမင်းနှစ်နပ်ပဲ စားရတာပါ။ ပန်ပန့် life မှာ စိတ်ချမ်းသာမှု တစ်ခုပဲလိုတာပါ။ မသိသေးတဲ့ သူတွေ သိအောင် လို့ ပန်ပန် တရားဝင်ပြောတာပါ။ ကိုဥက္ကာကျော်ကို ပန်ပန် စဉ်းစားပေးခဲ့တဲ့ အချိန် ကတည်းက သူ့အိမ်ကို အမွေဖြတ်ခိုင်းဖို့ ပန်ပန် ကိုယ်တိုင် တောင်းဆို ခိုင်းခဲ့ပါ တယ်။ သူလည်း အမွေ အားလုံးစွန့်ပြီး ပန်ပန့်ရှေ့မှာ ကိုယ်တိုင် လက်မှတ်ထိုးပေး ခဲ့တာပါ။ ပန်ပန်ကိုယ်တိုင် အမွေဖြတ်ခိုင်းတာတော့ အမှန်ပါပဲ။

 ပိုက်ဆံမက်လို့ ကြိုက်တယ် ဆိုတာမျိုး ပန်ပန် အပြောမခံနိုင်လို့ အရင် ကတည်းက လုပ်ခိုင်းခဲ့တာပါ။ဘယ်လောက် ပိုက်ဆံရှိရှိ ပန်ပန် ဂရုမစိုက်ပါဘူး။ စိတ်ဓာတ် ရေးရာမြင့်မား ပြီး ယောက်ျား ပီသဖို့ပဲ လိုပါတယ်။ မိန်းမ ရှိတဲ့ယောက်ျား တစ်ယောက် မပြောနဲ့ သူငယ်ချင်းတွေမှာ ချစ်သူ ရှိရင်တောင် စည်းလေးထားပြီး ဆက်ဆံပေး တတ်ခဲ့တာ ပန်ပန်တို့ တစ်လောက လုံး သိပါတယ်။ သူတို့ အခုလို အိမ်ထောင်ရေး ပြဿနာတွေဖြစ်နေကြတာ စိတ်မကောင်း ဖြစ်ပေမယ့် တရားဝင် ကွာရှင်းပြီးမှ စေ့စပ်ကြောင်း လမ်းဖို့ လက်ခံခဲ့ တာ အမှန်ပါ။ သူတို့ ကွာ ရှင်းပြတ်စဲတဲ့ ကိစ္စမှာလည်း ပန်ပန်ရဲ့ ဆန္ဒရော၊ တိုက်တွန်းမှုရော လုံးဝ မပါခဲ့ပါဘူး။ ပန်ပန်က ကိုဥက္ကာ နဲ့ လုံးဝ မသိခင်က တည်းက ကိုယ့်ပညာ နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်တဲ့ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီး တစ်ယောက်ဖြစ်ပါတယ်။ လူပျိုလူ လွတ်ရဖို့ ခက်ခဲတဲ့သူလည်း မဟုတ်ပါဘူး။ ပန်ပန် ဘယ်တော့မှ လည်း သူများ အိမ်ထောင်ရေး ဖြိုခွဲမယ့်မိန်းမ မဟုတ်သလို ဘာ ကြောင့်မှလည်း သူများ အိမ်ထောင်ရေး မျက်စောင်းထိုးမယ့် မိန်းကလေး မဟုတ် ပါဘူး။

ကိုဥက္ကာကျော်ကို လူလွတ်တစ်ယောက်ဖြစ် ကြောင်း လက်ခံနိုင်လောက်တဲ့ သက်သေအထောက် အထားနဲ့ ယုံကြည်အောင် ရှင်းပြထားနိုင်လို့ ပန်ပန် လက်ခံခဲ့တာပါ။ ဒီလိုမျိုး အမှန်တရားကို သိပြီးဖြစ်တဲ့ ပရိသတ်တွေရော၊ အမှန်တရား မသိ သေးတဲ့ ပရိသတ်တွေရော ပန်ပန့်ကို နားလည်နိုင်အောင် ပန်ပန် တလေးတစား နဲ့ ရှင်းပြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပထမဆုံး နဲ့နောက်ဆုံး အ ကြိမ် ရှင်းပြခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်

ဆုပန်ထွာ

Popular Journal

No comments:

Post a Comment