22.1.2014
``ဟိုတယ်အနောက်ဘက် မီးဖိုချောင်ထမင်းစားခန်းမှာ သူဋ္ဌေးနဲ့ ဧည့်သည်နှစ်ယောက် စကားပြောနေကြ တာပါ။ ငွေကြေးကိစ္စလို့တော့ သိရတယ်၊ အချေအတင်စကားများပြီး ဦးခွန်ကျော်က ဖုန်းဆက်ပြီး လှမ်းခေါ်သံ ကြားတယ်။ ခဏနေတော့``၀´´အဖွဲ့အစည်းကလို့ ပြောပြီး ပြောက်ကျားဝတ်ထားတဲ့ လူ(၃)ယောက်ရောက် လာပါတယ်´´ ဟု ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောသည်။
ရောက်ရှိလာသော``၀´´ တပ်ဖွဲ့ဝင်(၃)ဦးမှ ဟိုတယ်ပိုင်ရှင် ဦးသောင်းထိုက်တင်အား စတီးရောင် ပစ္စတို နှစ်လက်ဖြင့်ချိန်၍ ညာဘက်လက်အား လက်ထိပ်ခတ်ကာ ``ပြောစရာရှိတယ်။ လားရှိုးကိုလိုက်ခဲ့´´ ဟု ပြောဆိုစဉ် ဦးသောင်းထိုက်တင်က လိုက်စရာမလိုကြောင်း ပြောဆိုသဖြင့် သေနတ်ဒင်ဖြင့် ရိုက်နက်ထိုးကြိတ်ရာ မိသားစုနှင့်ဟိုတယ်ဝန်ထမ်းများမှ သူခိုးဟု အော်ဟစ်အကူအညီ တောင်းခံမှုကြောင့် အဆိုပါ``၀´´တပ်ဖွဲ့ဝင် (၃)ဦး သည် ဖုန်းဆက်ပြီးခေါ်သော ဦးခွန်ကျော်၊ ဦးစောပေါလူတို့နှင့်အတူ
ဟိုတယ်တွင်းမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
ညောင်ဖြူစခန်းရပ်ကွက်နေ ဦးစိုင်းဖုန်းမြင့်က `` ဟိုတယ်ပိုင်ရှင်နဲ့ အခြားစီးပွားရေးလုပ်ငန်းရှင်နှစ်ဦး ငွေကြေး အရှုပ်အရှင်းကိစ္စမှာ ``၀´´ တပ်ဖွဲ့ဝင်တွေက ၀င်ပါစရာအကြောင်းမရှိပါဘူး။ ဖုန်းဆက်ပြီး ခေါ်လို့လာ တယ် ဆိုတော့ ဒီ``၀´´ အဖွဲ့ကို ကြေးစားလူမိုက်အဖြစ် အဲဒီ ခွန်ကျော်ဆိုတဲ့လူက ငှားတာလားမှ မသိတာ။ ဘာပဲ ဖြစ်ဖြစ် တောင်ကြီး မြို့ပေါ်မှာ ``၀´´ အဖွဲ့က တရားမ၀င်လက်နက်ကိုင်ဆောင်ပြီး ဥပဒေမဲ့လုပ်ရပ်ကို ကျူးလွန်တာကတော့ တာဝန်ရှိတဲ့ အစိုးရဌာနတွေကို မထီမဲ့မြင်လုပ်နေတဲ့ သဘောလို့ မြင်တယ်။ ဒီကိစ္စ မျိုးဆိုတာ ရဲနဲ့ပဲဆိုင်တာလေ ဗျာ´´ ဟု ပြောကြားသွားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသောင်းထိုက်တင်အား သေနတ်ဖြင့်ချိန်၊ လက်ထိပ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင် ရန်ကြိုးပမ်းသော UWSA ``၀´´အဖွဲ့ဝင်(၃)ဦးနှင့်အတူ ငွေကြေးတောင်းယူသူ ဦးခွန်ကျော်၊ ဦးစောပေါလူ တို့အား တောင်ကြီးနယ်မြေရဲစခန်းမှ (ပ)၁၇/၂၀၁၄၊ ပြစ်မှု ၃၄၂/၃၈၇/၁၁၄အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားရှိကြောင်း သိရှိရပါသည်။
စိုင်းအောင်ခမ်း
Shan News
No comments:
Post a Comment