22.1.2014
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ဧည့် သည်များမှာ ထိုင်းလူမျိုးများသာ မကဘဲဥရောပ၊ပြင်သစ်၊အီတလီ၊ အမေရိကန်မှ ဧည့်သည်များလည်း ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ သို့ ဝင်ရောက်လာခြင်းဖြစ်သည့် အတွက် ၄င်းတို့၏ ပဋိပက္ခများ ယခုထက် ပိုပြင်းထန်လာပါက မြန်မာနိုင်ငံသို့ အများဆုံးဝင်ရောက် သည့် ဧည့်သည်များဖြစ်သော ဥရောပဈေးကွက်ကိုပင် ထိခိုက် လာနိုင်ကြောင်း ၄င်းကပြောသည်။
''ထိုင်းနိုင်ငံက လေကြောင်း လိုင်းတွေပိတ်လိုက်ရင်တော့ မြန်မာ့ ခရီးသွားလုပ်ငန်းအတွက် များစွာ ထိခိုက်လာနိုင်ပါတယ်။ ဥရောပ နိုင်ငံသားအများစုနဲ့အမေရိကန် နိုင်ငံသားတွေက ထိုင်းကနေ တစ်ဆင့်လာကြပြီး ထိုင်းနိုင်ငံက နေဟိုတယ် Booking လုပ်ကြ တာရှိတယ်။ အဲ့ဒါတွေကြောင့် ခရီး သွားနှုန်းကို စိုးရိမ်ရတယ်''ဟု ၄င်းကပြောကြားသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဖြိုးဝေရာဇာက ''အခုချိန်ထိတော့ ထိုင်းခရီးသွား ကများနေတုန်းပါပဲ။ ဟိုတယ်တွေ လဲ Booking လုပ်ကြတယ်။ ဘုရားဖူးလဲလာကြတယ်။ အကျိုး ဆက်အနေနဲ့ကတော့ ဒီ့ထက်ပိုပြီး ပိတ်ဆို့မှုဖြစ်လာရင်တော့ ခရီးသွား နှုန်းကျဆင်းနိုင်ပါတယ်။ ထိုင်း နိုင်ငံက ဝင်ရောက်မှုတစ်ခုပါပဲ။ ကျန်တဲ့ပြည်ပနိုင်ငံတွေက လာ မယ့် ဧည့်သည်တွေအတွက်တော့ စိုးရိမ်စရာမရှိပါဘူး'' ဟု ပြော ကြားသည်။
The Union Daily
No comments:
Post a Comment