address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 23, 2015

လျှပ်စစ်မီတာခ ၁ ယူနစ် ၃၅ ကျပ်ဖြစ်ရေး ထားဝယ်တွင် ပြည်သူရာချီဆန္ဒပြ




23.1.2015

လျှပ်စစ်မီတာခ ၁ ယူနစ် ၃၅ ကျပ်အပါအဝင် သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်မီးရှိရေးအတွက် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ ပထမဆုံးအကြိမ် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို တနင်္သာရီဒေသ သယံဇာတ အကျိုးခံစားခွင့်ရရှိရေးကော်မတီက ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။ ထားဝယ်မြို့ စောမိညိုကျောင်းဝင်းရှေ့ကနေ ဒီကနေ့ မနက် စတင်ချီတက် ခဲ့ကြတာဖြစ်ပြီး ပြည်သူ ရာချီ ပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက လျှပ်စစ်မီတာခ ၁ ယူနစ် ၃၅ ကျပ်ဖြစ်ရေး၊ တနင်္သာရီတတိုင်းလုံး မဟာဓာတ်အားလိုင်း အားလုံး အမြန်သွယ်တန်းပေးရေး၊ ဒို့သယံဇာတ ပြည်သူအတွက် စတဲ့ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

ထားဝယ်မြို့ ကံပေါက်ဒေသကနေ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ သန်းပေါင်း ၁၀၀၀ ကျော် တင်ပို့နေပေမယ့် ဒေသခံတွေဟာ လျှပ်စစ်မီတာခ ၁ ယူနစ်ကို ၄၀၀ ၀န်းကျင်ကနေ ၁၅၀၀ အထိ ၀ယ်ယူသုံးစွဲနေကြရပါတယ်။

DVB

No comments:

Post a Comment