address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 20, 2015

ဓမ္မစေတီခေါင်းလောင်းဟုယူဆရသောအရာ တွေ့ပြီဟုပြောပြီး သုံးရက်အကြာ တွင် ဦးကျော်ဝင်း မီဒီယာနှင့် တွေ့




20.1.2015

ဓမ္မစေတီခေါင်းလောင်း ကြီးဟု ယူဆရသော ပုံရိပ်ကို ရန်ကုန်မြစ်အ တွင်း ရေ အောက် ပေ ၄၀ ၌ တွေ့ရှိပြီဟု ပြောဆိုပြီး သုံး ရက်မြောက်နေ့တွင် ရှာဖွေသူ သင်္ဘောအရာရှိဟောင်း ဦးကျော်ဝင်းက မီဒီယာအချို့အား ၎င်းရှာဖွေသည့် နေရာသို့ခေါ်၍ ရှင်း ပြခဲ့သည်။

ရန်ကုန်မြို့တော်တောင် ဘက် ၁၀ မိုင်အကွာ သန်လျင် ရေနံချက်စက်ရုံ ဆိပ်ကမ်းအနီး ကိုက်တစ်ရာခန့်ရှိ ရန်ကုန်မြစ် အတွင်းသို့ သမ္ဗန်လှေဖြင့် သွား ကာ အုန်းပွဲငှက်ပျောပွဲပေးထားပြီး ဦးဆောင်ရှာဖွေသူ ဦးကျော်ဝင်း နှင့်အတူ လူခုနစ်ဦးခန့်ပါရှိ ကြောင်းသွားရောက်ခဲ့သော မီဒီယာအချို့ ၏ သတင်းဓာတ် ပုံမှတ်တမ်းများ အရ သိရသည်။

ရှာဖွေသူ ဦးကျော်ဝင်းမှာ ရေငုပ်သမားဖြင့် မရှာဖွေသေး ဘဲ ရေအောက်တိုင်း တာသော စက် ကိရိယာများ တပ်ဆင်၍ GPSစနစ်ဖြင့် တီဗီအသေးတစ်လုံးအ သုံးပြုကာ ရေအောက်သို့ ကြည့် ရှာနေခြင်းဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်းကြီး သည် သန်လျင်ရေနံချက်စက်ရုံ၏ ဆင်ကျုံးဆိပ်ခံ တံတားအနီး N 16 ဒီဂရီ ၄၅ ဒသမ ၁၅၁ မိနစ်နှင့် E 096 ဒီဂရီ ၁၂၈ ဒသမ ၉၆၁ မိနစ်ကြား မြောက်အရပ်ကို ခေါင်းပြု၍ မြစ်ကြမ်းပြင်တွင် လဲလျောင်းနစ် မြုပ်နေ ပြီး ခေါင်းလောင်းအ၀ သည် မြစ်ကြမ်းပြင်မှ ၁၃ပေခန့် ပေါ်ထွက်နေ မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ဦးကျော်ဝင်းက ဆိုသည်။

‘‘ပုံရိပ်တွေ့တာကို ခေါင်း လောင်းပေါ်ပြီလို့ပြောလို့မရဘူး။ခေါင်းလောင်းဖြစ်ရင် တောင် ဓမ္မ စေတီခေါင်းလောင်း ဟုတ်၊ မဟုတ်ဆိုတာ ယဉ်ကျေးမှုဝန်ကြီး ဌာန၊ သမိုင်းပညာရှင်တွေ၊ စိစစ် အတည်ပြုတွေ့ရှိပြီးတော့မှ ပြောကြားသင့်တာ။ ခုမတိုင်ခင် ပြောတာ စောနေပါသေးတယ်’’ ဟု မွန်သမိုင်းသုတေသနအသင်း တွဲ ဖက်အတွင်းရေးမှူး နိုင်ရဲဇော်က မှတ်ချက်ပြုသည်။

၂၀၁၅ သည် တစ်နိုင်ငံလုံး ပျော်ရမည့်နှစ်ဖြစ်ပြီး ရွှေတိဂုံရင် ပြင်တွင်ကြက်ပျံမ ကျ စည်ကား မည်မှာ မြင်ယောင်မိကြောင်း ဓမ္မ စေတီခေါင်းလောင်းရှာဖွေ နေသူ ဦးကျော်ဝင်းက ၎င်း၏ လူမှုကွန် ရက်စာမျက်နှာ၌ ရေးသားထား သည်။

‘‘ရှေးမွန်သာသနာပြု ဓမ္မ စေတီမင်းကြီး၏ ကုသိုလ်တော် ခေါင်းလောင်း တော်ကြီး နဂါးတိုင်းပြည်မှနေ၍ဒဂုံဆံတော်ရှင် ခြေတော်ရင်းသို့ ပြန်လည်ကြွချီ လာတော့မှာမို့ဖြစ်ပါတယ်’’ ဟု ၎င်းကရေးသားထားသည်။

၂၀၁၄ တွင် ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းကို နဂါးအ ကူအညီဖြင့် ဆယ်ယူ မည်ဆိုကာ ရန်ကုန်မြစ်ဝ၌ ၄၄ ရက်ကြာရှာ ဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ ဘဲ ယခုဦးကျော်ဝင်းက တွေ့ရှိပြီဟု ဒုတိယမြောက် ထပ်မံပြောဆို ခဲ့ခြင်းဖြစ်သည်။

‘‘ဦးကျော်ဝင်းက တည်နေရာတွေ့ပြီပြောတယ်။ လူအား၊ ငွေ အား၊ နိုင်ငံတကာ အားတွေနဲ့ အားပေးဖို့ရှိတယ်။ ခေါင်းလောင်းကြီးကို သူကိုယ်တိုင်ဆင်းရှာဖို့ လုပ် နေတယ်’’ဟု ဦးစံလင်းရှာစဉ်က မ,တည်အလှူရှင် ဦးဝင်းမြင့်က ပြောသည်။

7Day Daily

No comments:

Post a Comment