address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 22, 2015

မလေးရှားတွင် တရားမ၀င်နေထိုင်သည့် မြန်မာ ၁၇ဦးကို ထောင်သုံးလနှင့် ကြိမ်ဒဏ် သုံးချက်ပြစ်ဒဏ်ချမှတ်


22.1.2015

မလေးရှားနိုင်ငံတွင် တ ရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံရ သော မြန်မာလုပ်သား ၁၇ ဦးအား မလေးရှားနိုင်ငံ ကွာလာစလန်း မြို့ တရားရုံးက ထောင်သုံးလနှင့် ကြိမ်ဒဏ်သုံးချက်ချမှတ်ကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင် တရား မ၀င်နေထိုင်သော ထားဝယ်လူမျိုး အမျိုးသား ၁၄ ဦးအား ကွာလာ စလန်းမြို့တရားရုံးက ဇန်န၀ါရီ ၂၀ ရက်တွင် ထောင်သုံးလနှင့် ကြိမ်ဒဏ်သုံးချက်ချမှတ်လိုက် ပြီး အမျိုးသမီးသုံးဦးအား ထောင်သုံး လချမှတ်လိုက်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ ကွာလာစ လန်းမြို့နယ်၊ စကင်ချမ်းမြို့တွင် တရားမ၀င်နေထိုင်သော ဖမ်းဆီး ခံရသည့် ထားဝယ်လူမျိုး အမျိုး သား ၁၄ ဦးနှင့် အမျိုးသမီးသုံးဦး သည် ၂၀၁၄ နိုဝင်ဘာအတွင်းက ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အိုဗာ စတေးကူညီမှု ဖောင်ဒေးရှင်း (မလေးရှား)မှ ဦးချစ်ကောင်းက ပြောသည်။

‘‘အရင်ကဆို တရားမ၀င် တွေအမိန့်ချရင်ထောင်သုံးလပဲ ချတယ်။ ကြိမ်ဒဏ်မပါဘူး။ အခုဟာက ကြိမ်ဒဏ်သုံးချက်တောင် ပါတယ်။ တရားရုံးမှာ စကားပြန် လုပ်တဲ့သူ အဆင်မပြေဘူးလို့ လည်း ပြောတယ်။ ကြိမ်ဒဏ်တွေ ပါတာတော့ မဖြစ်သင့်ဘူး’’ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံ၏ တရားမ ၀င်လုပ်သားများပြစ်ဒဏ်ချသည့် ဥပဒေသည် ထောင်သုံးလမှ ခြောက်လအထိ ချမှတ်နိုင်ပြီး ကြိမ်ဒဏ်တစ်ချက်ပါဝင်ကာ အ ဆိုပါကြိမ်ဒဏ်တစ်ချက်သည် ပြစ် ဒဏ်ချမှတ်လေ့မရှိကြောင်း ၎င်း က ဆက်လက်ပြောသည်။

ယခုနှစ်အတွင်း မလေးရှား နိုင်ငံ၌ တရားမ၀င်လုပ်သားများ ဖမ်းဆီးရေး စီမံချက်ပြုလုပ်ရာ စတင်ဖမ်းဆီးသည့် ဇန်န၀ါရီ ၁၁ ရက်တွင် တရားမ၀င်မြန်မာလုပ်သား ၆၀ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံတွင် တရား မ၀င်နေထိုင်သောနိုင်ငံခြားသားများ ဖမ်းဆီးမည်ဖြစ်သောကြောင့် ၂၀၁၄ ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထား၍ပြန်ရန် မလေးရှား နိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာထားသည်။

မလေးရှား နိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန၏ အသစ်ရောက်ရှိလာသော ညွှန်ကြားရေးမှူးသည် နိုင်ငံအတွင်း တရားမ၀င်နေထိုင်သော နိုင်ငံခြားသား များပြားနေခြင်း၊ ပြစ်မှုဆိုင်ရာမှုခင်းများ များပြားနေခြင်းတို့ကြောင့် တရားမ၀င် နေထိုင်သူများကို ရှင်းလင်း ဆောင်ရွက်မည်ဟု ပြောကြားထားသည်။ မလေးရှားနိုင်ငံတွင် တရား မ၀င်နေထိုင်သော မြန်မာနိုင်ငံ သားများ ၂၀၁၄ ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထားကာ နေရပ်ပြန်ခြင်းမရှိ၍ ဖမ်းဆီးခံရပါက ထောင်သုံးလနှင့်ကြိမ်ဒဏ်တစ်ချက်ချမှတ်ခံရမည်ဟု မလေးရှားအစိုးရက ထပ်မံကြေညာထားသည်။

ယင်းသို့ ဖမ်းဆီးမှုများ ကြောင့် မလေးရှားရောက် မြန်မာ လုပ်သားများအနေဖြင့် အချင်း ချင်းအတူတကွနေထိုင်ရန်၊ ဖမ်း ဆီးမှုသတင်းများကို အချင်းချင်း လက်တို့ ပြောဆိုမှုများ ပြုလုပ်ကြရန်နှင့် စာရွက်စာတမ်းများမပါ ဘဲ အပြင်သို့မထွက်ကြရန် မလေးရှားရောက် မြန်မာများကို လမ်းညွှန်မှုပြုလုပ်ထားကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

7Day Daily

No comments:

Post a Comment