address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 12, 2015

မလေးရှားမှာ မြန်မာ တစ်ရာကျော် ထပ်မံ ဖမ်းဆီးခံရ




12.1.2015

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ဒီကနေ့ မြန်မာနိုင်ငံသား ၁၃၀ ကျော် အပါအဝင် နိုင်ငံခြားသား ၇၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ အဲဒီမြို့တော် အခြေစိုက် ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။

မြန်မာလုပ်ငန်းတွေ၊ ဆိုင်တွေဖွင့်လှစ်ထားတဲ့ ကိုတာရာယာ ကုန်တိုက်နဲ့ မိုင်းဒင်း ကုန်တိုက်အနီးမှာ ဒီနေ့ မနက် ၁၁နာရီကနေ ညနေပိုင်းအထိ တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးနေတယ်လို့ သူက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာတွေထဲမှာ အထောက်အထားမဲ့တွေ အပြင် နိုင်ငံကူးလက်မှတ်မိတ္တူ၊ ဒုက္ခသည် (UN Card) ကိုင်ဆောင်ထားသည်တွေ ပါဝင်တယ်လို့ မလေးရှား ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဦးဆန်းဝင်းက ပြန်လည် ရှင်းပြပါတယ်။

ကွာလာလမ်ပူမြို့တော်မှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား လုပ်သားတွေဟာ လုပ်အားခထုတ်ပြီး တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မှာ မိသားစုဆီသို့ ပေးပို့ကြပြီး အခုဖမ်းဆီးတဲ့ နေရာမှာ ဈေးဆိုင်တွေ ရှိတာကြောင့် ပစ္စည်းတွေလည်း ဝယ်ဖို့လာချိန်ကို စောင့်ဖမ်းတာလို့ သူက ပြောဆိုပါတယ်။

တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးမယ့် အစီအစဉ်ကို ကြောက်လို့ တရားမဝင်လမ်းကြောင်း (အောက်လမ်း) ကနေ တစ်ဆင့်နေရပ်ပြန်တဲ့ မြန်မာ ၇၆ ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ရက်နေ့က Kedah ပြည်နယ်မှာ ဖမ်းဆီးခံရခဲ့ရပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း မလေးရှားနိုင်ငံ ဘူကစ် မာတင်ဂျမ် ငါးလက္ကားရောင်းသူများ အသင်းရဲ့ ဈေးမှာ မြန်မာ ၄၂ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

The Voice Weekly

No comments:

Post a Comment