address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 29, 2015

မြန်မာကုန်စည်တွေပြတဲ့ မဲဆောက်နယ်စပ်ကုန်စည်ပြပွဲကြီး.




29.1.2015

ဒီနေ့စတင်တဲ့ မဲဆောက်က နယ်စပ်ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက အထင်ကရ လုပ်ငန်းရှင်တွေကလည်း မြန်မာထွက် ကုန် အချို့ ကို လာရောက်ပြသခဲ့ပါတယ်။

မဲဆောက်မြို့မှာ ၅ ရက်ကြာကျင်းပမဲ့ နယ်စပ်ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ပြခန်း ၁၃ ခန်းနဲ့ထိုင်းနိုင်ငံကပြခန်း ၁၅၃ ခန်း လာရောက်ပြသကြပါတယ်။

မဲဆောက်နယ်စပ်ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနကနေ မြန်မာ - ထိုင်းနယ်စပ် ကုန်သွယ်ရေး လုပ်ငန်း ကို တိုးမြှင့်ဘို့အတွက် ပြုလုပ်တာ လို့သိရပါတယ်။

မြန်မာနိုင်ငံဘက်က လာရောက်ပြသတဲ့ ပြခန်းတွေထဲမှာ မွန်ပြည်နယ်အခြေစို က် သိရိဟံသာ ခရီး သွား လုပ်ငန်း အပါအ၀င် ပြခန်း ၁၃ ခုဖြစ်ပါတယ်။

ကုန်စည်ပြပွဲလာတဲ့ ထိုင်းတွေက မြန်မာခရီးသွားလုပ်ငန်း မြန်မာကတ္တီပါဖိနပ် တွေနဲ့မြန်မာ့ရိုးရာသနပ်ခါးတွေကို အကြိုက်တွေ့နေကြပါတယ်။

ထွန်းရွှေဝါ အပါအ၀င်မြန်မာတိုင်းရင်းဆေးအချို့ နဲ့ ပယ်လယ်ထွက်ကုန် အစားအစာများကိုလည်း မြန်မာလုပ်ငန်းရှင် တွေ လာရောက်ပြသခဲ့ကြပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းဘက်ကို အဓိကတင်ပို့ရတာက မြန်မာရေထွက်ကုန် လယ်ယာထွက်ကုန် သစ်တောထွက်ကုန်နဲ့စက်မှုချည် ထည်တွေ ဖြစ်တယ်လို့ မြန်မာကုန်သည်ကြီး ဦးအောင်ဝင်းကပြောပါတယ်။

မဲဆောက်နယ်စပ် ကုန်စည်ပြပွဲ ဒုတိယနေ့မှာတော့ထိုင်းကုန်သွယ်ရေးဝန်ကြီး နဲ့မြန်မာနိုင်ငံ စီးပွားနဲ့ကူးသန်းရောင်း ၀ယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တို့ တက်ရောက်ကြမှာဖြစ်ပြီး မဲဆောက်နဲ့မြ၀တီကို ညီအမမြို့အဖြစ် ကြေညာဘို့ ရှိတယ်လို့လည်း သိရပါတယ်။

မဲဆောက်-မြ၀တီနယ်စပ်ကုန်သွယ်ရေးလမ်းကြောကနေ နှစ်နိုင်ငံအပြန်အလှန် ကုန်စည်တင်ပို့မှုတွေဟာ တလကို ထိုင်းဘတ်ငွေ သန်း (၃၀၀၀) သုံးထောင် အထက်မှာရှိတယ်လို့သိရပါတယ်။

ထိုင်းဘက်ကတော့ မြန်မာဘက်ကို လူသုံးကုန်စားသုံးကုန် ဆောက်လုပ်ရေး ပစ္စည်း မျိုးစုံ လယ်ယာသုံးပစ္စည်းမျိုးစုံ လျှပ်စစ်နဲ့ဆက်စပ်ပစ္စည်းမျိုးစုံ အပါအ၀င် အခြားပစ္စည်း အမယ်ပေါင်းများစွာကို တင်ပို့လျှက်ရှိပါတယ်လို့ ထိုင်းကုန် သ ည် ကြီး တဦးဖြစ်တဲ့ နိုင်ဆူချို င်းကပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment