address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 16, 2015

မဲဆောက်တွင် ကားတိုက်ခံရ၍ သေဆုံးသွားသူ မောင်ဝေလွင်အတွက်ထိုင်းနိုင်ငံ မှ ပေးအပ်သည့်နစ်နာကြေးငွေလာရောက်ထုတ်ယူရန်မီခင်ဖြစ်သူအား အကြောင်းကြား




16.1.2015 

၂၀၁၃ ခုနှစ် ၁ လပိုင်း ၁၆ ရက်နေ့က မဲဆောက်မြို့ရှိ အာရှလမ်းမပေါ်တွင် ယာဉ်တိုက်ခံရ၍ သေဆုံးသွားသော မောင်ဝေလွင် အတွက် နစ်နာကြေးငွေကို ထိုင်းနိုင်ငံရာဇ၀န်မှုချိုးဖောက်ခံရသူများကို ကူညီပေးနေသည့်ရုံးက ပေးအပ် မည်ဖြစ်သည်။


သို့ပါ၍ သေဆုံးသူ၏ မိခင်ဖြစ်သူ မ၀င်းရွှေ ( ဓာတ်ပုံပါသူ ) ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ နယ် သုံးခွကျေးရွာသည် မဲဆောက်ရှိ မြန်မာအလုပ်သမားများ အ တွက် ဥပဒေရေးရာ အကြံပေးရုံဖြစ်သည့် ( LLC ) လာရောက်ထုတ်ယူနိုင်ပါ ကြောင်း အသိပေးအပ်ပါသည်။

မောင်ဝေလွင်ကို တိုက်သည့်ကားသည် မောင်းပြေးသွားသော်လည်း သေဆုံးသူနစ်နာကြေးငွေရရှိရန်မြန်မာအလုပ်သမားများကိုအကူအညီပေးနေသည့် ( LLC) ထိုင်းရှေ့နေများအဖွဲ့က လိုက်ပါဆောင်ရွက်ပေးခြင်းဖြစ်သည်။

ဆက်သွယ်ရန် ဖုံး - ၀၅၅ ၅၃၅၉၉၄ - ၀၈၁ ၇၈၆၀၉၂၅ - ၀၈၇ - ၂၁၂၇၄၀၆ - တို့ကို ဆက်သွယ်နိုင်ပါသည်။

သတင်း -ကရင်အမျိုးသစား(မီဒီယာ)

No comments:

Post a Comment